Chapter 2

36 3 8
                                    

ကိုယ်ရဲ့တပည့်လေးကချစ်စရာလေးကွယ်

လှပခြင်းဆိုတာဘယ်လိုအရာလေးလဲ
    လှပခြင်းဆိုတာ လူတိုင်းရောရနိုင်လား
        ဒါတွေတော့ကျွန်တော်မသိဘူး
           ဒါပေမယ့် ကျွန်တော်ရဲ့အလှပလေးကတော့
              အရပ်ပုပုနဲ့ အကောင်ပေါက်လေးပေါ့

ဝသုန်တစ်ယောက် သူခြေရင်းတွင် ခွေ‌ခွေလေးအိပ်နေသောကောင်လေးကိုအချိန်တော်တော်ကြည့်နေမိလိုက်သည် ဟုတ်ပါတယ် ထိုကောင်လေးကြောင့်သူ့ရင်ခုန်တတ်နေပါပြီ ခဏကြာတော့သတိပြန်ကပ်ပြီးအိပ်ပျော်နေသောအကောင်ပေါက်ကိုလှုပ်နှိုးကြည့်တယ် အိပ်ချင်မူးတူးနဲ့ထပြီးသူ့ကိုကြည့်နေတဲ့မျက်လုံးတစ်စုံဟာလည်း တစ်မျိုးတော့စွဲလမ်းဖွယ်ကောင်းသား

"ဟင် ခဗျားကဘယ်သူလဲ"
"ဘာလဲမင်းကရော ခေါင်းအရိုက်ခံလိုက်ရလို့မေ့နေတဲ့သူပဲလား"

ဝသုန်၏ပြောစရာကြောင့်ရတုတစ်ယောက် အိပ်ချင်မူတူးစိတ်များပျောက်သွားကာ

"ကလေးလာပေးတဲ့တစ်ယောက်မလား"

"အော်အဲ့တာမင်းကလေးလား"

"ကျွန်တော်ကလေးတော့မဟုတ်ပေမယ့် ကျွန်တော်တူလေးပါ"

"မင်းတို့အိမ်ကဘယ်လိုလဲဟ ကလေးလာပြန်ပေးတာကိုခေါင်းကိုဒုတ်နဲ့လဲအရိုက်ခံရတယ် သတိပြန်ရလာတော့လည်း ငါ့ခြေရင်းမှာ အိပ်နေတဲ့ကြောင်ဝောာင်တောင်ကောင်ရယ် အဲ့ကြောင်တောင်တောင်ကောင်ကငါရဲ့အကျီကိုတောင်ယူဝတ်ထားသေးတယ်"

"အဲ့တာတွေအားလုံးကိုကျွန်ဝောာ်ရှင်းပြပါ့မယ်"

ရတုလည်းဖြစ်ခဲ့သမျှကို ဝသုန်အားရှင်းပြလိုက်တော့သည်

"မင်းကကျောင်းတစ်ဖက်နဲ့မင်းအမနဲ့ကလေးကိုလုပ်ကျွေးနေတာပေါ့"

"ဟုတ်ပါတယ် အမကလည်း ကားaccidentဖြစ်ပြီးထဲက စိတ်ရောဂါရသွားခဲ့တာ ကျွန်တော်ထင်တော့ သူခင်ပွန်းသေတာကိုမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရလို့ထင်ပါတယ်"

"True Loveပဲ ရူးနေအောင်ချစ်တာဆိုတာဒါမျိုးပေါ့"

"အကိုဘာကိုဆိုလိုချင်တာလဲ"

ကို့ရဲ့အကောင်ပေါက်လေး(My little baby👶)Where stories live. Discover now