Chapter 4

25 1 0
                                    

ကျွန်တော်ဒီညကုတင်ပေါ်မှာလှဲရင်း ဆရာတစ်ဖြစ်လည်းအကိုတစ်ဖြစ်လည်းသူရဲ့အကြောင်းတွေကိုစဉ်းစားမိတယ် ထိုလူသားကဘယ်ချိန်ထဲကကျွန်တော်နှလုံးသားထဲရောက်သွားခဲ့လဲမသိ ထိုလူသားရဲ့အပြုံးတွေကကျွန်တော်ကိုအေးချမ်းစေတယ် စွဲလမ်းစေတယ် ကိုယ့်ရဲ့ဆရာကို ဒီလိုအတွေးတွေနဲ့ပြစ်မှားနေတာငရဲများကြီးမလား ဘယ်လိုဖြစ်ဖြစ်ပါလေ ခံစားချက်ဆိုတာညာလို့မှမရတာသူ့အလိုလိုရင်ထဲကစီးကျလာတဲ့ရင်တွင်းဖြစ်လေးတွေပဲ ငါဘယ်လိုမှတားလို့မှမရတာ ဒါပေမယ့်အကိုရှိကနွေးထွေးမှုလေးတွေကိုတော့လိုချင်မိသား ထိုလူသားတည်ရှိနေတဲ့ဆိုတဲ့အသိနဲ့တင်ကမ္ဘာကြီးကပျော်စရာကောင်းနေပြီး အကောင်ငယ်လေးလည်းနှစ်ခြိုက်စွာအိပ်ပျော်သွားတော့သည်

ဒီနေ့မနက်လည်းအရင်နေ့တွေတိုင်းကလေးထိန်းအလုပ်လုပ်နေရတယ် အကိုကပြောထားလို့မြို့ထဲသွားပြီးအချိန်ပိုင်းအလုပ်တော့မလုပ်ရပါ အကိုပေးထားတဲ့တစ်သောင်းတန်လေးတွေနဲ့ ကလေးအတွက်လိုအပ်တာလေးတွေရယ် အိမ်‌အတွက်စားစရာအနည်းငယ်ကိုဝယ်မိတယ် ထိုချိန်အမသော်တာမှာစိတ်ဖောက်လာတော့သည် ရုတ်တရက်အခန်းထဲမှထွက်လာပြီး အိမ်ထဲမှရှိသမျှပစ္စည်းတွေကိုကိုင်ပေါက်တော့သည်

"အမအမ စိတ်ထိန်းပါအုံး"

ကောင်လေးပြောလို့မရပါ ထိုကြောင့်ကလေးကိုပုခက်ထဲထည့်ပြီး စိတ်ဖောက်နေသောအမကိုကိုယ်လုံးနှင့်ဝင်ထိန်းရတော့သည် သို့သော်ရတု၏ခေါင်းကိုသူ၏အမမှ ပန်အိုးနှင့်ရိုက်တာကိုခံလိုက်သည်

"အားး"
ခေါင်းများချာချာလည်အောင်မူးပြီး နာကျင်မှုကိုခံစားလိုက်ရသောကြောင့်လက်နဲ့ဖိထားမိတယ် တော်သေးတာကခေါင်းမပေါက်ပါ လက်ကိုဖြန့်ကြည့်လိုက်သောအခါသွေးများပေမနေပါ ခေါင်းမပေါက်ပေမယ့်တော်တော်နာကျင်နေသောကြောင့်ကူကယ်ရာမဲ့‌ဖြစ်နေချိန် သူ၏ဆရာကိုသတိရသွားသည် ကလေးပျောက်သည့်နေ့ကခေါ်ထားကိုဖုန်းနံပါတ်ကိုပြန်ခေါ်လိုက်မိသည် ဟိုဘက်ဖုန်းကပြန်ဖြေသောအသံမှာမိန်းကလေးတစ်ယောက်အသံဖြစ်နေသည် သို့သော်မိမိဆရာကိုသာတန်းတပြီး အားကိုးတကြီးအကူညီတောင်းမိတော့သည်

You've reached the end of published parts.

⏰ Last updated: Jun 11, 2023 ⏰

Add this story to your Library to get notified about new parts!

ကို့ရဲ့အကောင်ပေါက်လေး(My little baby👶)Where stories live. Discover now