Chapter 3

32 3 4
                                    

{လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံမှုဟာအရမ်းနူးညံလွန်းပါတယ် ခန့်မှန်းလို့မရဘူး ဘယ်ချိန်မှာဘယ်လိုလူနဲ့အချစ်စစ်ကိုရှာတွေ့မယ်ဆိုတာလူတိုင်းမသိကြဘူး ကိုယ်ဘက်ကအချစ်စစ်ကိုရှာနေစရာမလိုပါဘူး ကိုယ်နဲ့ထိုက်တန်ရင်အချစ်စစ်ဟာအလိုလို ကိုယ့်နားကိုရောက်လာမှာပါ}

ရတုတစ်ယောက်‌ လှေကားမှတစ်ဆင့်အောက်ထပ်ကိုဖြည်းဖြည်းချင်းဆင်းလာမိတယ် အောက်ထပ်ဧည့်ခန်းထဲမှာကလေးချော့သီချင်းလေးကိုကြားနေရသည် လှေကားအောက်ကိုတဖြည်းဖြည်းရောက်သာသည်နှင့်ကလေးချော့သိပ်သံလေးကပို၍ပီပြင်လာသည် မိမိချော့သိပ်စဉ်ကမျိုးစုံဂျီကျသောကလေးသည် အခုအသံပိုင်ရှင်၏လက်ထဲတွင် ငြိမ်သက်စွာအိပ်မော‌ကျနေလေရဲ့ ကလေးမပြောနှင့်ရတုကိုယ်တိုင်ပင်ထိုသားချော့တေးလေး၏နားဝင်ချိုမှုအောက်တွင်သာယာနေမိသည်

"အသံလေးကကောင်းလိုက်တာ ဒါအကိုဝသုန်ဆိုနေတာများလား"

ရတုလည်းသိချင်တာနဲ့လှေကားကိုမြန်မြန်ဆင်းရင်းဧည့်ခန်းသို့အမြန်သွားကြည့်ရာ သူထင်သည့်အတိုင်းပင် မျက်နှာပေါက်တည်တည်ခန့်ချောနှင့်လူတစ်ယောက်ကကလေးလေးကိုတော့ ချစ်စရာမျက်နှာအမူအရာတွေလုပ်ကာ မျိုးစုံချော့နေသည်မှာတစ်မျိုးတော့ချစ်စရာကောင်းသား

"ကျွတ်"သစ်သားကြမ်းပြင်ကိုနင်းမိသောအသံ

ရတုရောက်နေတာသိတာ့ ဝသုန်ကချက်ချင်းမျက်နှာပြန်တည်လိုက်ရင်း

"မင်းဖျားနေတယ်ဆိုလို့ ကလေးကူထိန်းပေးနေတာ ဘာလဲမင်းကမကြိုက်ဘူးလား"

"ဗျာ ကြိုက်ပါတယ် ကျွန်တော်ဘာမှတောင်မပြောရသေးဘူးလေ"

"ခုံပေါ်မှာမင်းအတွက်အကျီနဲ့ပုဆိုးမြို့ထဲသွားပြီးဝယ်ပေးထားတယ်"

"ဗျာ"

"မဗျာနဲ့ ငါအလျင်လိုနေပြီ ငါ့ဆွယ်တာအကျီပြန်ယူပြီးသွားတော့မှာ"

"ဟုတ်"

"မင်းလည်း သန်လျင်တက္ကသိုလ်သွားမှာမလား ငါလည်းအဲ့ကိုသွားမှာ ငါနဲ့တူတူလမ်းကြုံလိုက်ချင်လား"

ကို့ရဲ့အကောင်ပေါက်လေး(My little baby👶)Where stories live. Discover now