Chapter4

20 3 3
                                    

အချစ်ဆိုတာရယ် မျက်စိမရှိဘူး ဦးနှောက်မရှိဘူး
    လူတစ်ယောက်ကိုချစ်မိပြီဆိုရင်
       ချစ်မိတဲ့အကြောင်းပြချက်ကလဲမရှိဘူးတဲ့
                                                     ပုံ
                                                True Love

ဝသုန်တစ်ယောက် weekends ကျောင်းပိတ်ရက်တွင်သူချစ်ခင်ရသူ မိန်းမပျိုလေးနှင့်အတူမြို့ထဲသို့လမ်းလျှောက်ထွက်လာခဲ့သည် နှစ်ယောက်လုံးအတွက်တော့သာယာတဲ့နေ့လေးတစ်နေ့ဖြစ်လို့ရယ်ရှုခင်းလေးတွေသာယာနေတာပေါ့ ဒါပေမယ့်တူညီတဲ့မြို့ထဲမှာပင်ကောင်လေးတစ်ယောက်အတွက်ကဝောာ့ သာယာတဲ့ရာသီဥတုလေးကိုမရထားပါဘူးတဲ့
ဝသုန်တစ်ယောက်ကောင်မလေးလက်ကိုဆွဲပြီးမြို့ထဲလျှောက်သွားနေတုန်း မြို့လယ်ခေါင်တစ်နေရာတွင်ကလေးလေးကိုရှေ့မှပိုက်ကာလက်ကမ်းစာစောင်လိုက်ဝေနေသောကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည် ဒီကောင်လေး၏ပုံရိပ်လေးသည်သူ့အတွက်အလွန်ပင်ရင်နှီးနေပါသည်

"အိုခင် ဒီမှာခဏစောင့်နော် မောင်လုပ်စရာရှိလို့"

"ဘာလုပ်မလို့လဲမောင်ရဲ့"

"ခဏလေးပါခင် မောင်လုပ်စရာလေးရှိလို့"

ဝသုန်ကကောင်မလေးကိုခဏစောင့်ခိုင်းထားပြီး နေပူထဲလက်ကမ်းစာစောင်လိုက်ဝေနေသောကောင်လေးနားသို့သွားလိုက်သည်

"ရတုမင်းမလား"

"ဟုတ် ဟုတ်ပါတယ်ဆရာ ဘာဖြစ်လို့လဲ"

ဝသုန်ကရတုရဲ့လက်ကိုဆွဲပြီး အရိပ်ကောင်းကောင်းတစ်နေရာသို့ခေါ်သွားလိုက်သည် ဆွဲခေါ်ခံလိုက်ရ‌သောကောင်လေးကတော့ကြောင်တောင်တောင်လေးနဲ့သာပါသွားရသည်

"မင်းကွာ ဒီနေပူကြီးထဲမှာဘာလုပ်နေတာလဲ"

ချွေးတွေရွဲနေ‌သောကောင်လေးကတော့ဘာမှပြန်မဖြေပါ ခေါင်းလေးအောက်စိုက်ကာနေနေသည်

"မင်းအတွက်မစဉ်းစားရင်တောင် ဒီကလေးအတွက်စဉ်းစားရမယ်လေ လသားအရွယ်ကလေးလေးကို နေပူကြီးထဲမှာ ချီထားတာကလေးတွက်ဘယ်လောက်ဒုက္ခရောက်မယ်ထင်လဲ"

"တောင်းပန်ပါတယ် ဆရာ"

"မင်းဘာကိုတောင်းပန်နေတာလဲ ငါပြောတာကိုသဘောမပေါက်တာလား"

ကို့ရဲ့အကောင်ပေါက်လေး(My little baby👶)Where stories live. Discover now