back to you

308 52 3
                                    

"အဲ့ဒီ့လူ ထပ်ပြီး ရောက်လာပြန်ပြီဘဲ"

ထယ်ရယ်က သူရှိနေကြ အဖြူရောင်နှင်းဆီခင်းကြီးထဲကို ထပ်မံရောက်ရှိလာတဲ့ ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်တွေကို ကြည့်ကာ ရေရွတ်လိုက်မိသည်။

ဒီပန်းခင်းထဲကို ထယ်ရယ် ဘယ်ချိန်တည်းက ရောက်နေသလဲဟုမေးရင် သူလည်းသေချာမသိပေ။ သို့ပေမယ့် ထယ်ရယ် အကြာကြီးအိပ်နေရင်းကနေ နိုးလာခဲ့ကတည်းက ဒီနေရာကို ရောက်နေခဲ့သည်ပင်။ ထိုပန်းခင်းထဲမှာ တခြားလူတွေလည်းမရှိဘဲ ထယ်ရယ် တစ်ယောက်တည်းသာ ဖြစ်သလို ထယ်ရယ် ထွက်သွားလို့လည်းမရပေ။

သို့ပေမယ့် ထိုနှင်းဆီဖြူပန်းခင်းတွေထဲကို ခနခနအလည်လာတတ်သူတစ်ယောက်ကတော့ ထိုရွှေအိုရောင်‌ဆံနွယ်တွေကို ပိုင်ဆိုင်ထားတဲ့ အသားဖြူဖြူကောင်လေးတစ်ယောက်ပင် ။

ထိုလူက သူ့ကိုမြင်တိုင်း ကြယ်တာရာတွေ အားလုံးကို စုစည်းသိမ်းဆည်းထားသလိုမျိုး တောက်ပနေတဲ့ မျက်လုံးလေးတွေက လင်းလက်လာကာ ထယ်ရယ့်ကို ပြေးဖက်လေ့ရှိသည်။ ထို့နောက် ထယ်ရယ့်ကို ရင်ခွင်ထဲထည့်ရင်း သူပြောနေကြ စကား တစ်ခွန်းက "မောင့်ဆီပြန်လာပါတော့ ထယ်ရယ်" ဆိုတဲ့ စကားပင်။

ထယ်ရယ်က ဒီနေရာကထွက်မသွားနိုင်တာကို ထိုလူကမသိသည်မလို့။ ထယ်ရယ်က ထိုစကားကို ကြားရတိုင်း " ပြန်မလာနိုင်တော့ဘူး" လို့ ပြောခဲ့ပါလျှင် ထိုလူသားရဲ့ သိပ်လှတဲ့ မျက်ဝန်းတွေက ချက်ချင်းဆိုသလိုပင် ပြိုတော့မယ့်မိုးလို မှောင်မိုက်သွားရပြန်သည်။ ထိုစကားကို ကြားလိုက်ရတာနဲ့ ထိုလူက ထယ်ရယ့်ရှေ့မှာတင် အမှုန်လေးတွေအဖြစ်သို့ပြောင်းသွားကာ ပျောက်ကွယ်သွားတော့သည်။

ဒီနေ့မှာတော့ ထယ်ရယ်က ထိုသို့အဖြစ်ခံမည်မဟုတ်ပါ။ ထိုလူ့ကို သူမမှတ်မိသော်ငြားလည်း သူ့ရဲ့နှလုံးသားကတော့ ထိုရွှေအိုရောင်ဆံနွယ်ပိုင်ရှင်တွေကို မြင်လိုက်ရတဲ့ အခါတိုင်း မြန်ဆန်လာတာကို ထယ်ရယ်သိပါသည်။ ထိုလူက သူ့ကို ဖက်လိုက်တဲ့ အချိန်တိုင်းလည်း ထယ်ရယ်က နေသားကျနေခဲ့သည်မှာ ထိုလူရဲ့ ရင်ခွင်ကျယ်ကြီးနဲ့ ထယ်ရယ်က ရင်းနှီးနေခဲ့သလိုပင်။ ထယ်ရယ်က ပြန်မလိုက်နိုင်ကြောင်းပြောသည့်အခါ ၊ ထိုလူက ပျောက်ကွယ်သွားရသည့်အခါ ‌မှာလည်း ထယ်ရယ့်ရဲ့ နှလုံးသားက ဆစ်ကနဲနာကျင်ရပြန်သည်။

till' my last breath • shentaerae Where stories live. Discover now