walk you home on first day

293 49 7
                                    

"ထယ်ရယ် ဘာလိုချင်လို့လဲ?"

ကုတင်ရဲ့ဘေးခုံမှာ ထိုင်နေတဲ့ ရစ်ခီ့ကို ‌စိုက်ကြည့်နေတဲ့ ထယ်ရယ့်ကို ရစ်ခီသတိထားမိတာမလို့ မေးလိုက်မိသည်။

"ငါ အပြင်ထွက်ချင်တယ် ရစ်ခီ"

"ထယ်ရယ်က နေမှပြန်မကောင်းသေးတာ နေပြန်ကောင်းသွားရင် မောင်က ထယ်ရယ်ကြိုက်တဲ့နေရာတွေအစုံ ပို့ပေးမယ်လေ"

ထိုကောင်လေးက ထယ်ရယ်သတိရတဲ့နေ့တည်းက သူ့ကိုသူ မောင်လို့သာ သုံးနှုန်းသည်။ ထူးထူးခြားခြား ထယ်ရယ်ကိုယ်တိုင်ကလည်း ထိုအခေါ်အဝေါ်ကို ရင်းနှီးနေခဲ့သည်မလို့ ထိုနာမ်စားကို မသုံးရန် မတားခဲ့မိပေ။

"ဒါပေမယ့် ရစ်ခီကလည်း ဆေးရုံပန်းခြံလောက်ပဲဆိုရင်ကော"

ထယ်ရယ် အပြင်ထွက်ချင်သည်ကလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့၊ ရစ်ခီအပါအဝင် တခြား သူ့ရဲ့ သူငယ်ချင်းဟု ဆိုသည့်လူတွေကပါ ထယ်ရယ် သတိရလာတာ နှစ်ပတ်လောက်ရှိသော်ငြားလည်း ထယ်ရယ့်ကို မွေးကင်းစ ကလေးတစ်ယောက်လို ဂရုတစိုက်စိုက်ဖြင့်သာ၊ ထယ်ရယ် အပြင်ထွက်ဖို့ တောင်းဆိုတိုင်းလည်း သူတို့က ထယ်ရယ်က နေမကောင်းသေးလို့ ဟု ဆိုကာ ဆေးရုံကုတင်ပေါ်မှာသာ နေမြဲနေခိုင်းသည်။

ထယ်ရယ်က ပါပီမျက်လုံးတွေကိုသုံးကာ ပြောလာတော့ ရစ်ခီ့မှာ နေပူထဲ ‌ရောက်နေတဲ့ ရေခဲချောင်းလေးလိုမျိုး အရည်ပျော်ကျရပြန်သည်။

"အွန်းပါ မောင် ဝှီးချဲသွားယူလိုက်အုံးမယ် ခနစောင့်နော်"

"ရစ်ခီကလည်း လမ်းလျှောက်ချင်တာပါဆို ဝှီးချဲက ဘာလုပ်ဖို့လဲ"

"ပန်းခြံထဲရောက်တဲ့ထိ ဝှီးချဲကို မောင်က တွန်းပြီး ခေါ်သွားပေးမယ်လေ ထယ်ရယ်ရဲ့ မဟုတ်ရင် ပေးမထွက်တော့ဘူး"

ရစ်ခီရဲ့ပြောစကားမှာ ထယ်ရယ့်ရဲ့ နှုတ်ခမ်းလေးတွေက သိသိသာသာကို ဆူထွက်လာတော့သည်။ ချက်ချင်းဆိုသလို ဘဲပေါက်လေးလိုမျိုး ဖြစ်သွားသည့် ထယ်ရယ့်ကို ရစ်ခီက ကြည့်ရုံဖြင့် ထယ်ရယ် စိတ်ဆိုးသွားမှန်းသိပါ၏ ။

"မောင့်ထယ်ရယ် သဘောပါ ဒါပေမယ့် မောင်တွဲပေးမယ်နော် အဆင်ပြေတယ်မလား ထယ်ရယ်"

till' my last breath • shentaerae Where stories live. Discover now