the moon represents my heart

247 41 3
                                    

ထယ်ရယ် သတိရလာတာက အခုဆိုရင် နှစ်လလောက်ရှိနေပြီပင်ဖြစ်သည်။

နှစ်လအတွင်း ထယ်ရယ် ကိုယ်တိုင်ကလည်း မေ့ပျောက်နေတဲ့ မှတ်ဉာဏ်တော်တော်များများကို ပြန်ရခဲ့ပြီဖြစ်သည်။ ရစ်ခီရဲ့ တားစကားကြောင့် ထယ်ရယ်က အခုချိန်ထိ အလုပ်ပြန်မလုပ်ရသေးဘဲ ရစ်ခီ့ရဲ့ အိမ်မှာသာ အိပ်လိုက်စားလိုက် နေဖြစ်သည်။ ထယ်ရယ်က ကိုယ်ပိုင်တိုက်ခန်းရှိရက်နဲ့ ဘာလို့မနေလဲ ဆိုသည်ဟုမေးလာခဲ့ရင်တော့ ရစ်ခီရှန်ရဲ့ "မောင် ထယ်ရယ့်ကို စိတ်မချလို့ မောင်နဲ့လာနေပါလား ထယ်ရယ်" ဟူသည့် စကားကြောင့်ပင်။

"မောင် ပြန်လာပြီလား"

"မောင် ပင်ပန်းနေလို့ အားသွင်းချင်တယ်" ဟု ဆိုကာ တံခါးဝမှာ ရပ်နေတဲ့ ထယ်ရယ့်ကို ရစ်ခီက သိမ်းကြုံးဖက်ပစ်သည်။

"10%....20%....30%...."

အားပြန်ပြည့်လာကြောင်းကို ရာခိုင်နှုန်းတွေတဖြည်းဖြည်းမြင့်တက်လာတဲ့ ပုံနဲ့ ပြောပြနေတဲ့ ရစ်ခီရှန်က တကယ့်ချွဲတတ်တဲ့ကြောင်ပေါက်လေးလိုပင်။

"90% 91% 92%...."

"မောင်က သိပ်လူလည်ကျတာပဲ စောနကကျ ဆယ်ရာခိုင်နှုန်းဆီ တက်သွားပြီး အခုကျမှ တစ်ရာခိုင်နှုန်းဆီ တက်နေတယ်"

"မောင်က ထယ်ရယ့်ကို ပိုဖက်ထားချင်လို့ဟာကို"

လူကိုဖက်ကာ ကြောင်ပေါက်လေးလို ချွဲနေတဲ့ ရစ်ခီရှန်ကြောင့် ထယ်ရယ်မှာ ရယ်မိပါတော့သည်။

"ကဲ မောင် ရေသွားချိုးတော့ လိမ်မာတယ်နော်"

"ဟုတ်ပါပြီဗျာ"

ရစ်ခီက ထယ်ရယ့်ရဲ့ စကားကို မသွေမတိမ်းနားထောင်သည့် သဘောဖြင့် ဖက်ထားရာမှ ခွာလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။

ထယ်ရယ်လည်း အိပ်ခန်းထဲကို ဝင်လာရင်း ရစ်ခီ လဲဖို့အတွက် အကျီတွေကို ရွေးပေးရင်း ကု‌တင်ပေါ်တင်ထားကာ သူပါ ကုတင်ပေါ်တွင် ဝင်ထိုင်ရင်း ရစ်ခီ့ကို စောင့်နေခဲ့သည်။

ထိုအချိန် ရစ်ခီ့ရဲ့ ဖုန်းစကရင်က ပွင့်လာကာ စာတစ်စောင်ရောက်လာသည့်ဟန်။

ထယ်ရယ်ကလည်း အထူးတလည်မတွေးနေဘဲ ယူကြည့်မိတော့ နိုတီဘားပေါ်တွင် ရောက်နေသည့် စာက "နောက်တစ်ပတ်ညနေခင်း တွေ့ကြမယ်နော်" ဟူသည့် စာကြောင့် ထယ်ရယ့်စိတ်ထဲ စနိုးစနောင့် ဖြစ်သွားရသည်။

till' my last breath • shentaerae Where stories live. Discover now