súton

347 46 5
                                    

"မောင် မောင် မြန်မြန်လုပ်လေ မောင်က အမြဲတမ်း အပြင်ထွက်ခါနီးဆို ပြင်နေတာမပြီးတော့ဘူး ဟွန့်"

"ဟော မောင်က ဘယ်မှာပြင်နေလို့လဲ ဆံပင်လေး ပုံသွင်းရုံကို"

ရစ်ခီက ထယ်ရယ့်ကို လက်ထပ်ခွင့်တောင်းခဲ့တာ သုံးပတ်အကျော်လောက်ရှိနေပြီဖြစ်တယ်။

လက်ထပ်ပွဲ အတွက် လိုအပ်တာတွေကို ဖြည်းဖြည်းချင်း စီစဉ်နေသည်မလို့ သူတို့နှစ်ယောက်မှာ မအားလပ်ရ ။

ဒီနေ့မှာလည်း ထယ်ရယ်တို့ နှစ်ယောက်က wedding မှာ ဝတ်ဆင်မည့် suits ကိုရွေးချယ်ဖို့ ဆိုင်ကို သွားကြမှာဖြစ်တယ်။ နေရာအခင်းအကျင်းက အစ ဖိတ်စာ အထိ အားလုံး စီစဉ်ပြီးပြီမလို့ လုပ်စရာက အကျီ ရွေးဖို့နှင့် ဖိတ်စာ ဝေပေးဖို့လောက်သာ ကျန်တော့သည်။ အကျဉ်းချုံးလေးပဲ လုပ်ဖို့ စီစဉ်ထားသည့် wedding ဖြစ်တာမလို့ ပွဲနေရာကိုတော့ ဟန်ဘင်းရဲ့ ကော်ဖီဆိုင်လေးကိုသာ ရွေးဖြစ်ခဲ့သည်။ အစားအသောက်အပိုင်းကိုက အကိုဂျီအွန်းက သူ့ရဲ့ စားသောက်ဆိုင်ကနေ တာဝန်ယူပေးမယ် ဟုပြောကာ ဂီတပိုင်းအတွက်ကိုတော့ အကို ကျန်းဟောင့်နှင့် ယူဂျင်းတို့က တာဝန်ယူ ပေးသည်။ အကုန်လုံးက သူငယ်ချင်းတွေဖြစ်နေသည်မလို့ ရစ်ခီတို့လည်း အဆင်ပြေရကာ ပွဲ စီစဉ်ရသည်ကလည်း ဘာအနှောင့်အယှက်မှမရှိ။

"မောင်က မဂ်လာဝတ်စုံ အဖြူနဲ့ အရမ်းလိုက်မှာပဲနော်"

ဆိုင်ကိုသွားနေရင်း lover seat မှာထိုင်နေတဲ့ ထယ်ရယ်က ရုတ်တရက် စကားစလာခဲ့သည့် အခါ ရစ်ခီက ထယ်ရယ့်ရဲ့ စကားကို နားစွင့်နေခဲ့သည်။

"မောင်က အမည်းဝတ်မှာလေ ထယ်ရယ်က အဖြူဝတ်ရမှာ"

"ဟွန်း မရပါဘူး ထယ်ရယ်က မောင့်ကို အဖြူနဲ့ မြင်ချင်တာ အဖြူ ဆင်တူ ဝတ်ကြမယ်လေ"

ထယ်ရယ်က ဘဲပေါက်လေးလို နှုတ်ခမ်းတွေကို ဆူပြီး ရစ်ခီ့ကို ပြောတဲ့ အခါမှာတော့ ရစ်ခီက သူ့ရဲ့ ချစ်ရသူလေး အလိုကျသာ ခေါင်း ကိုငြိမ့်ရတော့သည်။

ဆိုင်ကို ရောက်လာတော့ ရစ်ခီက ကြိုတင်ဘိုကင်တင်ထားသည်မလို့ ရှေ့မှာ လူတွေကို စောင့်စရာမလို။ ဒီဇိုင်နာက ရစ်ခီနဲ့ ထယ်ရယ်တို့နှင့် လိုက်ဖက်လောက်မည့် ဒီဇိုင်းကာလာ အစုံကို ယူပြသည်။ ထယ်ရယ်က သူ့ရဲ့ စကားအတိုင်းပင် အဖြူရောင် မဂ်လာဝတ်စုံ ဆင်တူကိုသာ ရွေးချယ်ပြီး ရစ်ခီ့ဆီ ထိုးပေးသည်။ အဓိပ္ပာယ်က သွားစမ်းဝတ်ကြည့်ဆိုသည့် အဓိပ္ပာယ်ပင်။

till' my last breath • shentaerae Where stories live. Discover now