- 1 -

2.5K 102 17
                                    

[Unicode]

2015 ခုနှစ် ၊ ဘူဆန်မြို့ ။

ကောင်းကင်ကြီးက နီညိုရောင်သန်းနေပြီး မကြာခင်မှာပဲ အမှောင်ရိပ်ကျတော့မည်ဖြစ်သည် ။ ဘူဆန်မြို့ရှိ ဒုံဆန်းဝန်ဂေဟာကြီး၏ ဂိတ်တံခါးဝမှာ နှစ်ချို့သစ်ပင်ကြီးမှကြွေကျနေသည့် သစ်ရွက်ခြောက်တစ်ချို့ဟာ လေတိုက်ရာဘက်ကို လွင့်ပျံနေသည် ။ မြို့အစွန်အဖျားက ဖြစ်တာမို့ အိမ်ခြေအိမ်ရာဆိုသည်မှာ အတော်လေးအလှမ်းဝေးသည် ။

ဂိတ်တံခါးဝကိုလှုပ်ခတ်လိုက်သည့် ခေါင်းလောင်းသံတစ်ခုကြောင့် ဂေဟာအတွင်းမှ ခရစ်ရှန်သီလရှင်တစ်ယောက်ထွက်လာခဲ့ပြီး ဂိတ်တံခါးကြီးကိုလာဖွင့်ပေးသည် ။ ထိုမယ်သီလရှင်မှာ အသက်သိပ်ကြီးသေးသည့်ပုံတော့မပေါ် ။ သူမက ခေါင်းလောင်းတီးခတ်သူ အမျိုးသမီးနှင့်အတူ ဘေးနားတွင်ပါလာသည့် အထုပ်ကလေးပိုက်ထားသည့်ကလေးအားကြည့်ပြီး သဘောပေါက်သွားဟန်နှင့် အထဲကိုဝင်ဖို့ဖိတ်ခေါ်လိုက်တော့သည် ။

ဂေဟာဝန်းထဲကိုခြေချလိုက်သည်နှင့် ဂေဟာခန်းတွေရဲ့တစ်ချို့ပြတင်းပေါက်‌နားမှာ အပြင်ဘက်ကိုထွက်ကြည့်နေကြသည့် ကလေးတစ်ချို့က စပ်စပ်စုစုလိုက်ကြည့်ကြသည် ။

အထုပ်ပိုက်ထားသည့်ကလေးများ အရမ်းမငယ်တော့ဘဲ ဆယ်နှစ်နှစ်လောက်ရှိနေပြီဖြစ်ကာ ဒီအသက်အရွယ်နှင့် ဂေဟာရောက်လာတာက တစ်ခြားကလေးတွေထက်ပိုလို့ပြောရဆိုရခက်မှာသေချာသလောက်ဖြစ်နေသည် ။

ဂေဟာအတွင်းထဲကိုရောက်သည်နှင့် သက်လတ်ပိုင်းမယ်သီလရှင်တစ်ဦးက သူတို့အားကြိုတင်ကာရပ်စောင့်နေတာကိုမြင်တွေ့ရပါလိမ့်မည် ။

" မားသား..ဒါ ကျွန်မပြောတဲ့ကလေးလေးပါ ၊ ကံဆိုးရှာတဲ့ကလေးလေးမို့ အကူအညီတောင်းပါတယ် "

အမျိုးသမီးက ကလေးအား ကြည့်ကာဆိုလိုက်တော့ မယ်သီလရှင်ကြီးက ခေါင်းငြိမ့်သည် ။

" ထားခဲ့လိုက်ပါ ၊ မားသားတို့ ဂရုစိုက်ပေးပါ့မယ် "

" ကျေးဇူးတင်ပါတယ် မားသားတို့ရယ် "

အမျိုးသမီးကထိုသို့ဆိုပြီးတာနဲ့ ဂေဟာအတွင်းထဲကနေထွက်ခွာသွားခဲ့ပြီး အထုပ်ပိုက်ထားသည့်ကလေးမှာတော့ ဘယ်အရာကိုမှစပ်စပ်စုစုလိုက်ကြည့်မနေဘဲ ကြမ်းပြင်ကိုသာစိုက်ကြည့်ရင်းငြိမ်သက်နေသည် ။

On & Off 「 Riwoong 」CompleteWhere stories live. Discover now