- 11 -

472 63 17
                                    

[Unicode] 

" ရစ်ခီ..ငါရှင်းပြတာနားထောင်နေရဲ့လား "

ယူဟာရီမှာ ရှန်ချွမ်ရွေ့အား စိတ်ရှည်လက်ရှည်နှင့် စာရှင်းပြနေပေမယ့် ချွမ်ရွေ့ကတော့ စာထဲမှာအာရုံရှိနေသည့်ပုံမပေါ်ပါလေ ။ တစ်ခုတည်းသောအရိပ်ကလေးပြန်မလာသည်မှာ ၁နှစ်ခွဲတိတိပြည့်ခဲ့ပြီဖြစ်ရာ ချွမ်ရွေ့မှာလည်း နေနိုင်ချင်ယောင်ဆောင်ရင်း မကြာခင်ပြန်လာပါ့မယ်ဆိုတဲ့ မုသားစကားကိုလွယ်လွယ်ပြောထွက်ခဲ့တဲ့လူအား ယနေ့ထိတိုင် သတိရနေဆဲဖြစ်သည် ။

ဒီနှစ်တွေထဲမှာ ချွမ်ရွေ့က ဟာရီနှင့်အချိန်ပိုဖြုန်းဖြစ်သည် ။ ဘာလို့ဆို သူ့ကိုသဘောကျနေသည့် မိန်းကလေးနဲ့အတူရှိနေပြီး ထိုအမျိုးသားအားလွမ်းရသည့်နာရီတွေအားလျှော့ချနေခဲ့ခြင်းသာဖြစ်သည် ။ ဟန်ဆောင်ကောင်းသည့် ချွမ်ရွေ့က ဘယ်သူ့မှသတိမထားမိတဲ့ ညနက်တွေမှာ Canvas ရှေ့ တစ်ယောက်တည်းထိုင်နေဆဲဖြစ်သည် ။

" ငါနားထောင်နေပါတယ် "

" မဟုတ်တာကို ဒါဆို ဒီနေရာ ကိုယ့်ဘာသာတွက်ကြည့် "

ဟာရီက ဆူပုတ်ပုတ်လေးဖြင့် ဘောပင်အား ချွမ်ရွေ့အရှေ့ကိုချပေးကာ ပြောလိုက်တော့ ချွမ်ရွေ့လည်း နားမလည်လိုက်ပေမယ့် အလျှော့မပေးချင်တာကြောင့် ဘောပင်ကိုကောက်ကိုင်လိုက်သည် ။ ဟာရီကတော့ မေးငေါ့ကာ တွက်လေဆိုတော့မျက်နှာဘေးလေးဖြင့် ချွမ်ရွေ့အားကြည့်နေသည် ။ ယူဟာရီက အမှန်တကယ်နှစ်လိုဖွယ်ကောင်းတဲ့မိန်းကလေးဖြစ်ပေမယ့် ချွမ်ရွေ့ပြန်မချစ်နိုင်တာကတော့ စိတ်မကောင်းစရာပါပင် ။ သူမ နှလုံးသားက ချွမ်ရွေ့မှ ချွမ်ရွေ့ဖြစ်နေသည့်တိုင် ချွမ်ရွေ့နှလုံးသားကတော့ တစ်ခြားတစ်ယောက်ဆီမှာသာပုံအပ်ပြီးသားဖြစ်နှင့်နေသည် ။

" ရစ်ခီ !! ရစ်ခီ !! "

ပုံမှန်ဆို စာအုပ်ကြီးတကိုင်ကိုင်နှင့်တည်ငြိမ်နေတတ်သည့် ထယ်မင်မှာ အထူးတဆန်းပင် ချွမ်ရွေ့အားခေါ်ပြီး ပြေးလွှားလာခဲ့တာဖြစ်သည် ။

" ချွမ်ရွေ့.. "

အမောတကာဖြင့်အနားရောက်လာသည့် ထယ်မင်အား ချွမ်ရွေ့နှင့် ဟာရီမှာ ထူးဆန်းစွာကြည့်သည် ။

On & Off 「 Riwoong 」CompleteWhere stories live. Discover now