- 25 -

501 41 20
                                    

[Unicode]

တဖျောက်ဖျောက်နဲ့မရပ်တမ်းဖွဲဖွဲကလေးရွာနေသေးတဲ့မိုးကြောင့် မနက်ခင်းကအေးစိမ့်စိမ့်ဖြစ်လို့နေသည်။  အနည်းငယ်ကျိန်းနေသည့်မျက်လုံးကိုဖွင့်လိုက်သည့်အခါ အသိစိတ်နဲ့အတူ ခန္တာကိုယ်ပေါ်ကလေးလံမှုကိုပါခံစားလိုက်ရသည်။

မနေ့ညက အချစ်ခရီးလေးကြောင့် နှစ်ယောက်သားဆိုဖာပေါ်မှာပဲအိပ်ပျော်သွားတာဖြစ်ပြီး ရစ်ခီကတော့ ဂျီအွန်းအပေါ်မှာပဲရှိနေကာ ရှည်လျှားလွန်းတဲ့ခြေတံတွေကိုအောက်လျှောပြီး ဂျီအွန်းရင်ဘတ်ပေါ်အိပ်ပျော်နေတာပဲဖြစ်သည်။

ဂျီအွန်းရဲ့လက်ကလေးတွေက ရစ်ခီ့ဆံပင်တွေပေါ်ကိုရောက်သွားခဲ့ပြီး တစ်ဖက်ကောင်လေးလည်းမနိုးသွားစေရအောင် ခပ်ဖွဖွလေးပုတ်ပေးနေခဲ့သည်။

ချစ်ခဲ့ရခြင်းအပေါ်နောင်တလည်းမရှိသလို ခဏခဏရှောင်ပြေးနေတတ်တာက အတိတ်ကတစ်ချို့အကြောင်းအရာတွေက ဂျီအွန်းနှလုံးသားကိုတုန်လှုပ်စေတုန်းကြောင့်သာဖြစ်သည်။

လိုလိုလားလားကမ်းပေးခဲ့တဲ့ သူ့လက်တွေကို ကိုင်ဆွဲလာတဲ့ တစ်ဖက်ကလက်ဖဝါးတွေကို သူကတစ်ဘဝလုံးစောင့်ရှောက်ပေးချင်ခဲ့တာအမှန်။ အချိန်တိုင်းမှာ နှလုံးသားကခွင့်လွှတ်ပြီးချစ်ခဲ့သည့်တိုင်အောင် အသုံးမကျပြန်တဲ့ဦးနှောက်က အကြိမ်ကြိမ်မှားယွင်းစေခဲ့တာ။ ဘယ်ကနေစမှားခဲ့လို့ ဒီလိုအခြေအနေထိရောက်ခဲ့လဲဆိုတာ ဂျီအွန်းမသိပေမယ့် လက်ရှိမှာတော့ ရစ်ခီ့ကို ဂျီအွန်းကတွန်းမထုတ်ချင်တော့ဘူး။ မငြင်းဆန်နိုင်လောက်အောင် ခမ်းနားလွန်းတဲ့မေတ္တာတွေကြား ဘယ်သူကကြာကြာတောင့်ခံနိုင်ပါ့မလဲ။

မကြာခင်ပဲဂျီအွန်းလက်တွေနဲ့ထိတွေ့ထားတဲ့ ခေါင်းလေးက တလှုပ်လှုပ်ဖြစ်ကာနိုးလာခဲ့တော့သည်။ ရစ်ခီက နိုးနိုးခြင်း အစ်ကို့မျက်နှာကိုမော့ကြည့်လိုက်သည်။ အရင်တစ်ခါကလို လန့်နေမလားဆိုတာကိုလည်းတွေးပူနေခဲ့ပေမယ့် ကံကောင်းစွာပင် အစ်ကိုက သူ့ကိုပြုံးပြလာခဲ့ပြီး ရစ်ခီ့ဆံပင်တွေကိုလက်နဲ့ဆွဲဖွလာခဲ့သည်။

" နိုးရင်လည်းထတော့ မင်းဖိထားတာ အရမ်းလေးနေပြီ "

အစ်ကိုက နှုတ်ခမ်းလေးအနည်းငယ်‌ဆူလို့ ပြောလာသည့်အခါ ရစ်ခီ့လည်ချောင်းမှာပိတ်ဆို့နေတဲ့စိုးရိမ်မှုတွေက ပျော်ကျသွားတော့သည်။ ရစ်ခီက ချက်ချင်းပဲပြုံးရယ်လာပြီး ခေါင်းခါလိုက်သည်။

On & Off 「 Riwoong 」CompleteWhere stories live. Discover now