- 7 -

516 59 10
                                    

[Unicode]

" ဘာလဲ ဒါက "

စာရွက်တစ်ရွက်အား ကမ်းပေးလာသည့် ကောင်မလေးတစ်ယောက်ကြောင့် ချွမ်ရွေ့ကမျက်မှောင်ကြုံ့ကာပင်မေးလိုက်တော့ တစ်ဖက်က ကောင်မလေးမှာ ခေါင်းလေးအနည်းငယ်ငုံ့သွားသည် ။

" ဒီတိုင်း လက်ခံပေးပါ .. ချွမ်ရွေ့ "

ထိုမိန်းကလေး၏နာမည်မှာ ယူဟာရီဖြစ်ပြီး သူနှင့်အတန်းတူ အသက်တူဖြစ်ကာ အတန်းထဲတွင် စာ‌လည်း‌တော်သည့်သူပင်ဖြစ်သည် ။ ရုတ်တရက် ချွမ်ရွေ့ကို စာလာပေးတဲ့ဟာရီကြောင့် တစ်ခန်းလုံးမှာလည်း သူတို့နှစ်ယောက်ဆီအာရုံရောက်သွားကြသည် ။

" စိတ်မကောင်းပါဘူး "

ပြတ်ပြတ်သားသားငြင်းပြီးထားခဲ့သူချွမ်ရွေ့ကြောင့် တစ်ခန်းလုံးမှာလည်း အံ့ဩသွားပြီး အပျိုပေါက်ကလေး ဟာရီမှာလည်း အရမ်းရှက်သွားကာ အခန်းထဲမှပင်ပြေးထွက်သွားပါတော့သည် ။

ချွမ်ရွေ့ကတော့ အနောက်ကိုလှည့်မကြည့်တတ်သည့်လူမျိုးဖြစ်ရာ သူ့ရဲ့ဦးတည်ရာက ပန်းချီအတန်းထဲကိုသာဖြစ်သည် ။

အတန်းတွေဆင်းချိန်မို့လို့ ကော်ရစ်တာမှ ကလေးတွေကပြေးလွှားနေကြတာမို့ ချွမ်ရွေ့က သူတို့ကိုမတိုက်မိအောင်ရှောင်လာခဲ့ရသည် ။

အခန်းတံခါးကိုဆွဲဖွင့်ကာဝင်သွားလိုက်သည်နှင့် ဆံပင်ရှည်တွေကိုနားကြားထဲညှပ်ထားကာ Canvas ပေါ်မှာအာရုံစိုက်နေသည့် သူ့ရဲ့နွေးထွေးတဲ့သီးသန့်ကမ္ဘာလေးတစ်ခုကိုမြင်ရသည် ။ ချွမ်ရွေ့က အဲ့ဒီခံစားချက်ကိုအရမ်းသဘောကျတယ် ။ ဒီလူက သူ့အတွက် သက်တောင့်သက်တာရှိတဲ့ သီးသန့်ကမ္ဘာတစ်ခုလိုပဲ ။

" လောင်ရှစ် "

သူခေါ်လိုက်သည်နှင့် လှည့်ကြည့်လာသည့် မျက်နှာလေးမှာ ပုံသေရှိတဲ့အပြုံးလေးပါကပ်ပါလာသည် ။ ပြတင်းပေါက်ကဝင်လာနေတဲ့ နေရောင်ခြည်ထက်ပိုနွေးတယ် ။

" ချွမ်ရွေ့ .. "

ကမ္ဘာပေါ်မှာ သူ့နာမည်ကိုခေါ်တဲ့‌နားထောင်လို့အကောင်းဆုံးအသံပင်ဖြစ်သည် ။ ချွမ်ရွေ့ရဲ့နှုတ်ခမ်းများမှာ အနည်းငယ်ကွေးတက်လာပြီး ထိုအမျိုးသား၏အရှေ့ကိုတည့်တည့်လျှောက်သွားလိုက်သည် ။

On & Off 「 Riwoong 」CompleteWhere stories live. Discover now