[Unicode]
2022 အောက်တိုဘာလ၊ ဘူဆန် ။
သတိပြန်မလည်လာသေးသည့် ခန္တာကိုယ်ငယ်ကို အိပ်ယာပေါ်ဖြည်းဖြည်းချင်းတင်ပေးလိုက်ကာ ဖိနပ်တွေနဲ့ခြေအိတ်ကိုချွတ်ပေးပြီး ခြေဖဝါးနီနီရဲရဲလေးတွေကို စောင်ပုံထဲထည့်ကာ ချမ်းအေးလွန်းတဲ့ရာသီဥတုမှာ နွေးနွေးထွေးထွေးဖြစ်စေရန်အတွက် လည်ပင်းနားအထိ စောင်နှစ်ထပ်လောက်ခြုံထားပေးလိုက်သည် ။
ပြီးတဲ့နောက် အနားကခုံကို ဖြေးဖြေးချင်းဆွဲယူကာ ထိုင်လိုက်ပြီး တစ်ဖက်အမျိုးသား၏မျက်နှာကိုငေးစိုက်ကြည့်ကာပင်သက်ပြင်းချလိုက်မိသည် ။ ဘာဖြစ်လို့များ အဲ့သလောက်တောင် ကြောက်ရွံ့နေခဲ့သလဲ အစ်ကိုရယ် ။
ရစ်ခီရှန်က နောက်တစ်ကြိမ်သက်ပြင်းထပ်ချကာပင်ထလိုက်ပြီး မီးအိမ်ကိုပိတ်ဖို့ပြင်လိုက်ပေမယ့် တစ်လမ်းလုံးသူလက်ကနေသယ်လာပြီး စားပွဲပေါ်တင်ထားလိုက်သည့် ဂျီအွန်း၏အပေါ်ထပ်အင်္ကျီထဲမှ ဓာတ်ပုံလေးတစ်ပုံ ထွက်ကျတော့မလိုဖြစ်နေတာကို မြင်သွားသည် ။ ဓာတ်ပုံလေးတစ်ပုံဆိုပေမယ့် တစ်ဖက်လူက အင်္ကျီထဲတကူးတကသယ်သွားပုံအရ အတော်လေးအရေးပါမည့်ပုံပေါ်တာကြောင့် ဘာရယ်မဟုတ် ဒီအတိုင်းထုတ်ကြည့်မိလိုက်သည် ။
ရစ်ခီရှန်၏ မျက်ခုံးတို့မှာ အချိန်တိုအတွင်း တွန့်ချိုးသွားခဲ့ပြီး မျက်ဝန်းထဲတွင်ဘာကိုမှဖမ်းလို့မမိတဲ့ စိတ်ရှုပ်ထွေးမှုများဖြတ်ပြေးသွားခဲ့သည် ။
ဓာတ်ပုံအတွင်းထဲမှာရှိနေတာက ဂေဟာတစ်ခုအရှေ့တွင် အဖွဲ့လိုက်ရိုက်ထားတဲ့ပုံဖြစ်သည်။ သို့ပေမယ့် ဂေဟာက အရမ်းကြီးပြီး ဓာတ်ပုံထဲမှာ အားလုံးပေါင်းလူ ၁၀ယောက်သာရှိသည် ။ ထိုထဲတွင် သူ့အရှေ့တွင်မေ့မျောနေသည့် အမျိုးသားနှင့် သူကိုယ်တိုင်ပါဝင်နေခဲ့ခြင်းပင် ။
ဘာကိုမှ တွေးတောလို့မရသည့်တိုင် အရာအားလုံးက အစိမ်းသပ်သပ်ဖြစ်နေခဲ့ပေမယ့် ဒီဓာတ်ပုံထဲကဂေဟာနဲ့ပတ်သတ်ပြီး သူသိထားတဲ့အရာကတော့ သူ အဲ့ဒီနေရာမှာ နေခဲ့ဖူးတယ်ဆိုတာပဲ ။ ဒါပေမယ့် ဘယ်လိုလုပ် ဒီအမျိုးသားကပါ ရှိနေခဲ့တာလဲ ။
YOU ARE READING
On & Off 「 Riwoong 」Complete
FanfictionShen Ricky × Kim Jiwoong ချွမ်ရွေ့အတွက် ကင်မ်ဂျီအွန်းက ဘဝတစ်ခုဆိုရင် ... ရစ်ခီရှန်အတွက် အစ်ကိုက ရှင်သန်နေရတဲ့အကြောင်းအရင်းတစ်ခုပဲ ။