ဟယ်ရန်နေကြာနှင့်အတ္တသစ္စာ
မင်္ဂလာပါရှင် ။ ဟယ်ရန်နေကြာဖြစ်ပါတယ်။ ဟယ်ရန် ဒီဝတ္ထုရှည်ကြီးကို စတင်မိတ်ဆက်ခဲ့တာ The Will Of The Heart (နေကင်း)တို့ကတည်းကပါ။ အတ္တသစ္စာဟာ နေကင်းတို့ရဲ့ Original versionဖြစ်တဲ့အကြောင်းလည်း ပြောခဲ့ဖူးပါတယ်။ ဒီဝတ္ထုကို ရေးမယ်လို့ ဇာတ်အိမ်ကုန်ကြမ်းချထားခဲ့တာ နေကင်းတို့မရေးခင်ကတည်းကဆိုတော့ အတော်ကြာပါပြီ။ အခုတော့ ရေးဖြစ်ခဲ့ပြီပေါ့နော်။ ဟယ်ရန်က ဒီဟာကို Like the shadowပြီးမှ တင်ဖို့တွေးထားတာပါ။ ဒါပေမဲ့ မရေရာတဲ့အခြေအနေတွေကြား ဒီဝတ္ထု အထမမြောက်မှာကို စိုးရိမ်တဲ့စိတ်ကြောင့် သတ်မှတ်ထားတဲ့ရက်ထက် ပိုစောပြီးတော့ updateမှာပါ။ ဝတ္ထုရဲ့ဇာတ်အိမ်က အတော်ကြီးပါတယ်။ Write your own historyရဲ့၂ဆလောက်ရှည်နိုင်တာမို့ ပထမပိုင်းနဲ့ဒုတိယပိုင်းဆိုပြီး အပိုင်းကြီး ၂ပိုင်းခွဲထားပါတယ်။ အားလုံးက plotအကြမ်းပဲရှိသေးတာပါ။ ရေးနေဆဲပါ။ ရေးလို့မပြီးသေးပါဘူး။
The will of the heartကိုဖတ်ဖူးကြတဲ့ ပရိသတ်တွေကတော့ နေကင်းကို ရင်းနှီးကြမှာပါ။ နေစက်ကွင်းက အတ္တသစ္စာရဲ့ parallel main leadဖြစ်ပါတယ်။ သူ့ဇာတ်ကောင်ကို အရမ်းသဘောကျခဲ့လို့ The will of the heartဆိုပြီး versionခွဲရေးခဲ့တဲ့အထိပါပဲ။ ဒီလိုဆိုတော့ အတ္တသစ္စာကို နေစက်ကွင်းမဟုတ်ဘဲ တခြားဇာတ်ကောင်အသစ် ထပ်အစားထိုးလိုက်ရင်ရော လို့ မေးကြပါတယ်။ မရပါဘူး။ နေစက်ကွင်းမို့လို့ကို original versionအတွက် ပြန်လာရမှာပါ။ အဲဒါမှလည်း ရေးသမျှဇာတ်လမ်းတိုင်းအချိတ်အဆက်မိမှာပါ။
ဒါက နေစက်ကွင်းရဲ့ ကဏ္ဍပေါ့နော်။
နောက်တစ်ခုက ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ main leadဖြစ်တဲ့ ဇယဒီသစိုင်းစစ်ရန်ရှင်းပါ။ ပထမပိုင်းတစ်ခုလုံးက သူ့ရဲ့POVပါ။ သူက ဦးသောလို အုပ်ချုပ်သူဇာတ်ကောင် ရှမ်းစော်ဘွားပါ။ ရှမ်းစော်ဘွားရဲ့အကြောင်းကို politics fantasyပုံစံ ရေးချင်ခဲ့တာကြာပါပြီ။ အခုမှပဲ ပုံဖော်နိုင်ခဲ့တာပါ။ အုပ်ချုပ်သူဇာတ်ကောင်မို့ အပြီးစလွယ် အသက်သွင်းလို့မရပြန်ပါဘူး။ roleကြီးလေ ရေးရဖို့ riskကြီးလေလေပါ။ ၁၉၉၀နှောင်းပိုင်းဇာတ်အိမ်ဖြစ်လို့ နိုင်ငံရေးပုံရိပ်တွေလည်း ပါလာမှာပါ။ fantasyလို့ခေါင်းစဥ်တပ်ထားတဲ့အတွက် အပြင်မှာတကယ်မရှိနိုင်တဲ့ဇာတ်ကောင်တွေ၊ နေရာဒေသတွေအကြောင်း၊ စိတ်ကူးယဥ်ဖြစ်စဥ်တွေအကြောင်းက အများဆုံးပါမှာပါ။
YOU ARE READING
The Loyalty Of The Ego
Actionတစ်ကိုယ်တည်း ရယူပိုင်ဆိုင်လိုသည့်အချစ်၌ အတ္တမကင်းသော တပ်မက်ခြင်းတို့ပါ၀င်သည်ကို လှည့်ဖြားခြင်းကင်းစွာ တိုင်တည်ပါသည်။ သစ္စာလေးညှို့မှ ပစ်ခွင်းလိုက်သော အချစ်မြားသည် ချစ်ရသူ၏ နှလုံးသားဗဟိုသို့ တည့်မတ်စွာ စူး၀င်၍ အသည်းကို အသည်းချင်း ပြန်လည်တုံ့နှင်းရစေ...