နတ်ဆိုးကလေးငယ် (Season 3) (အပိုင်း ၈)

2 0 0
                                    

အန္တရာဘဝ ဇာတက (အပိုင်း ၈)

"ယေစွန်တစ်ယောက် အဆင်ပြေပါ့မလား...."

မက်စ်သည် ဘာဒိုဘုံ၏နောက်တဆင့်သို့ ခြေချမိခြင်း ထိုသို့ဆိုလိုက်သည်။ သူ့စိတ်က သမုဒ္ဓရာထဲကျန်ခဲ့သေးသည်။ ဂျီဇိုက "ငါတို့ အတွက်ပဲ ငါတို့တွေပြန်စိတ်ပူသင့်မယ်ထင်တယ်၊ ကောင်လေးရေ" ဟုဆိုလိုက်လေသည်။ သူတို့ရောက်နေသောနေရာအား လက်ညှိုးညွှန်ပြလေသည်။

လေထုကား မီးခိုးငွေ့များ၊ ဆူးရှသောအနံ့များနှင့် မွှန်ထူလျက်ရှိ၏။ မက်စ်တို့ကိုပင်  မီးခိုးငွေ့တို့သည် ချောင်းကိုဆိုးစေပြီး ဆူးရှသောအနံများက လူကိုမူးဝေစေသည်။ မြေကြီးကား ခြောက်သွေ့မာကျောကာ ပက်ကြားအက်လျက်။ နီရဲကာ သွေးရောင်ပင်ထနေသည်။ အပင်ဟူ၍ ချုံပုတ်ခြောက်များမှတပါး အစိမ်းရောင်မြက်တစ်ပင်ပင်မရှိ။

သက်ရှိဟူ၍လည်း သူတို့နှစ်ဦးသာ ရှိပုံရသည်။ တစ်ချက်တစ်ချက်တိုက်လာသော လေပူများက သူတို့မျက်လုံးထဲကို သဲပူများယူဆောင်လာတတ်သေးသည်။ မက်စ်သည် ထိုနေရာကိုမြင်မြင်ချင်း သတိရမိသည်ကား သိပ္ပံအစီအစဉ်များနှင့်ရုပ်ရှင်များတွင် သူမြင်ဖူးသော အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ပေတည်း။

"ဒီ....ဒီအဆင့်က မင်းရဲ့ ဒေါသ၊ အမုန်းနဲ့ ပါတ်သက်တဲ့ အဆင့်ပဲ... အဟွတ်... အဟွတ်" ဂျီဇိုက ပြောရင်းချောင်းဆိုးလာသည်။ ထိုစကားတို့သည် မက်စ်အား တုန်လှုပ်စေခဲ့သည်။ သူယခင်တုန်းက ဒေါသထွက်လျက် ရန်သူနတ်ဆိုးများအား မီးရှို့သုတ်သင်ခဲ့သည်မှာ အကြိမ်ကြိမ်။

"ကျွန်တော်က ဒေါသထွက်ရင် မကောင်းဆိုးဝါးလုံးလုံးဖြစ်ခဲ့တာဗျ" မက်စ်က ဂျီဇိုအား အသက်ရှူကြပ်သလိုခံစားမိခဲ့သည်။ငိုယိုကာပြောသည်။ ဂျီဇိုက သူ့ကျောအားပုတ်ပေးရင်း "ငါတို့အားလုံးလည်း အတူတူပါပဲကွာ" ဟုဆိုလေသည်။

"ကျွန်တော်က နတ်ဆိုးတွေကိုလည်း သ တ်ဖူးတယ်ဗျ" ဟုဆိုလေလျင်

"ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လုပ်တာဆိုရင် အပြစ်မရှိပါဘူးကွ။ သူတစ်ပါးတွေကို ဒုက္ခပေးတဲ့ကောင်တွေကို ရှင်းပစ်တာ ကောင်းမှုမဟုတ်ပေမဲ့ အပြစ်တော့လည်းမရှိပါဘူး။ ကောင်လေး။ သေချာမှတ်ထားပါ။

နတ်ဆိုးကလေးငယ်Where stories live. Discover now