နတ်ဆိုးကလေးငယ် (Season 2)(အပိုင်း ၇)

6 3 0
                                    

နော်တန်မိသားစုအိမ်ခြံဝန်းရှေ့တွင် လူများအုံနေကြလေသည်။ အိမ်သည် ဗုံးပေါက်ထားသကဲ့သို့ ပျက်စီးနေသည်။ မက်စ်မှာ မြင်ကွင်းကို မြင်မြင်ချင်း လွန်စွာစိတ်ပျက်သွားခဲ့သည်။ မိဘများအတွက် ဝမ်းနည်းသွားခဲ့သည်။ ဗစ်သူရာကမူ ရုပ်ဖျက်ထားကာ လူအုပ်အတွင်းရှိလူများကို အကျိုးအကြောင်းမေးမြန်း နေလေသည်။ ပေါက်ကွဲမှုမှာ လွန်ခဲ့သောနာရီဝက်ခန့်ကဖြစ်ကြောင်း မီးခိုးများလွန်စွာထွက်ကြောင်း သိရှိရလေသည်။ သို့သော် သတင်းကောင်းဟု ဆိုရမည်မှာ  နော်တန်စုံတွဲ၏အလောင်းများကို ရဲများက ယခုထိ ရှာတွေ့ခြင်းမရှိသေးခြင်းဖြစ်သည်။ ဗစ်သူရာလည်း ထိုကိစ္စကို မက်စ်အား ပြောပြလိုက်ကာ သူ၏မိဘများ မသေနိုင်သေးကြောင်းဖြင့် နှစ်သိမ့်ပေးလိုက်ရသည်။ ထို့နောက် ဗစ်သူရာနှင့်မက်စ်တို့သည် ဝင်ပေါက်(portal) တစ်ခုကိုသုံးကာ အိမ်ထဲသို့ တိတ်တဆိတ်ဝင်ကြည့်ကြသည်။

အိမ်ထဲတွင် ဗုံးများပေါက်ထားသည့်အတိုင်း ရှုပ်ပွနေသည်။ ပစ္စည်းများက ဖရိုဖရဲ အလဲလဲအပျိုပျိုဖြင့်။ မီးခိုးညှော်နံကလည်း ထွက်နေသေး၏။ မက်စ်သည် ငယ်စဉ်ကလေးဘဝကတည်းက နေလာခဲ့သည့်အိမ်လေးအတွက် လွန်စွာဝမ်းနည်းမိလေသည်။ ဗစ်သူရာသည် လှည့်လည်ကြည့်ရှုရင်း အိမ်၏ဧည့်ခန်းထဲသို့ ရောက်လာသော် လွန်စွာထူးဆန်းသည့်အရာတစ်ခုကို တွေ့မိသည်။

ဧည့်ခန်းထဲရှိဖန်ထည်ပစ္စည်းများအားလုံးသည် ပေါက်ကွဲမှုကြောင့် မွမွကြေအောင် ကွဲနေကြသည်။ သို့သော် စာအုပ်စင်ပေါ်ရှိ စာရွက်ခု ဖန်လုံးလေးကမူ အရာတစ်စင်းပင်မထင်။ နေရောင်တွင် ဝင်းခနဲပင် နေသေး၏။ ဗစ်သူရာသည် ထိုဖန်လုံးလေးကို ကိုင်ကြည့်ပြီး စွမ်းအားများကို အာရုံခံလိုက်သော်

"အကာအကွယ်ဖျက် မှော်အစွမ်း..."
"အဲ့တာဘာကြီးလဲ ဗစ်သူရာ" မက်စ်ကမေးသော် ဗစ်သူရာက "ငါမင်းတို့အ်ိမ်ကို ကာကွယ်ဖို့ အစီအရင်တစ်ခုလုပ်ထားခဲ့တယ်ဆိုတာ ပြောဖူးတယ်မလား"
"အေး...မှတ်မိတယ်"
"အခု...ဒီဖန်လုံးဟာ တကယ်က ဖန်မဟုတ်ဘူး။ စိန်တုံးကြီးကွ။ အကာအကွယ်ဖျက် စိန်မှန်လို့လည်းခေါ်တယ်။ သူက နေရာတစ်နေရာမှာ လုပ်ထားတဲ့ အကာအကွယ်အစီအရင်တွေကို ပျက်အောင်လုပ်တဲ့ကောင်ပဲ..."
" ဒီဟာကြီးကြောင့် အခုလိုဖြစ်တာပေါ့"
"အေး။ အခု သဲလွန်စတော့ ရပြီ။ ဒီဟာအိမ်ထဲ ဘယ်လိုရောက်လာလဲပဲ ငါတို့စုံစမ်းရမယ်"

နတ်ဆိုးကလေးငယ်Où les histoires vivent. Découvrez maintenant