အန္တရာဘဝ ဇာတက (အပိုင်း ၇)
ဂျီဇိုနှင့်မက်စ်တို့သည် ရေခဲချပ်ကြီးများက ရုပ်မြင်သံကြားဖန်သားပြင်ကဲ့သို့ ဖြစ်နေသောနေရာကို ရောက်လာခဲ့သည်။ ထိုနေရာသို့ရောက်လျင် ယေစွန်ကလည်း လှေကိုဆွဲသည့်အရှိန်လျော့ပေးခဲ့သည်။ မက်စ်ကို ဖန်သားပြင်များကြည့်ရန် အချိန်ပေးသည့်သဘောဖြစ်သည်။
ဖန်သားပြင်ကြီးများထက်ဝယ် မက်စ်၏ဘဝဟောင်းမှ အမှတ်တရများကို ဖော်ပြလျက်ရှိသည်။ ထူးဆန်းသည်မှာ များစွာသော အမှတ်တရများသည် ဗစ်သူရာနှင့် ဆက်စပ်နေခြင်းပင်။ ဗစ်သူရာမှ သူ့အား အစွန်းရောက်(Cult)များယဇ်ပူဇော်မည့်ရန်မှ လာကယ်သောအချိန်၊ သူ့အား နတ်ဆိုးအစွမ်းရှိနေကြောင်း လာပြောသော အချိန်၊ အတူတူ စွမ်းအားကို လေ့ကျင့်ကြချိန်၊ လူထုမှ သူ့စွမ်းအားကိုသိသွားချိန်၊ နတ်ဆိုးဗဲလက်ကို အတူတူ သုတ်သင်စဉ်အချိန်၊ ကိုယ်ပိုင်တပ်စု(Legion)ကိုဦးဆောင်ကာ နတ်ဆိုးအီရှမေးဒပ်စ်နှင့် အပေါင်းအပါများအား တိုက်ခိုက်ကြစဉ်အချိန်၊ ဗစ်သူရာက သူ့နောက်ကြောအား ဓားနှင့်ထိုးသောအချိန် စသော အမှတ်တရကာလများသည် ဖန်သားပြင်ထက် ရုပ်လည်းမြင် အသံလည်းကြားရကာ ပေါ်နေလေ၏။ ဗစ်သူရာမှာ သူ့ဘဝအတွက် မည်မျှအရေးပါခဲ့သည်ကို ဖော်ပြနေခြင်းပင်။
မက်စ်လည်း အမှတ်တရများကိုကြည့်ရင်း သက်ပြင်းချမိသည်။ နောက်ဆုံးသူ့အားဓားနှင့်ထိုးသည့်ကိစ္စအပြီးတွင် မျက်ရည်ပါ ကြလာခဲ့သည်။ ဂျီဇိုမှာမူ တစ်ခုခုကိုတွေး၍ သတိရနေပုံရသည်။
ထိုစဉ် အလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ကာ သမုဒ္ဓရာရေပြင်မှာ အိုးထိန်းစက်သဖွယ် ကြောက်မက်ဖွယ်တုန်လှုပ်သွားတော့သည်။ ရုတ်တရက်တက်လာသော ရေလှိုင်းများကြောင့် လှေကိုငြိမ်အောင်ထိန်းရင်း လှေပေါ်မှ မက်စ်တို့နှစ်ဦးသားလည်း ရွှဲရွှဲစိုကာ ကြွက်စုတ်ဘဝရောက်လေသည်။
"သက်ရှိကမ္ဘာမှာ တစ်ခုခု ဆိုးရွားတာဖြစ်နေတယ်လို့ ငါအာရုံရတယ်" ဟုဂျီဇိုကဆိုသည်။ လှိုင်းအနည်းငယ်ငြိမ်သွားသောအခါတွင် မျက်လွှာကိုချကာ တရားထိုင်နေခဲ့သည်။ အတန်ငယ်ကြာမှ
ESTÁS LEYENDO
နတ်ဆိုးကလေးငယ်
Paranormalလူစင်စစ်ဘဝကနေ ရုတ်တရက် နတ်ဆိုး ဟာဘိုရင် ရဲ့အစွမ်းကို ရသွားတဲ့ ကလေးငယ်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။