• 𝖼𝗁𝖺𝗉𝗍𝖾𝗋 𝗈𝗇𝖾 •

551 51 1
                                    

''ရစ်ခီရှန် !!!!''

''ဗျာ''

သူ့ကိုဦးတည်ပြီးခေါ်လာတဲ့ ဒေါသသံစွက်စွက်လေးကြောင့် သူကြောင်အပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်မိသည်။

''မင်းတက်ထိုင်နေတာ ငါ့စာရေးစားပွဲခုံ''

ဘုရားရေ ! ပြောနေတဲ့သူကိုကြည့်မိတော့ ငိုမတတ်။မျက်ရည်တွေတောင်ဝေ့လို့။စာရေးစားပွဲခုံပေါ်ဖင်ချထိုင်မိတာက ငိုရလောက်သည့်ပြဿနာလား။

''မင်း ငိုတော့မငိုချပါနဲ့ကွာ ငါဖယ်ပေးပါ့မယ်''

ရစ်ခီပြောပြောဆိုဆိုဖယ်ပေးတော့ အနှီကောင်လေးကသူ့စားပွဲခုံကိုရေတွေနဲ့စွတ် ၊ တစ်ရှူးတွေနဲ့သုတ်နေပြန်သေး၏။

''သောက်အခြေကြီးလေး''

ခပ်တိုးတိုးကျိန်ဆဲတော့ မျက်ဝန်းလှလှတွေဆီကနေမျက်စောင်းတစ်ချက်လက်ခံရရှိသည်။

ဂရုစိုက်မနေတော့ပါချေ။သူစကားဖောင်ဖွဲ့လက်စသူငယ်ချင်းတွေဘက်ကိုပြန်လှည့်လိုက်၏။

''ရစ်ခီ မင်းကိုသတိပေးဖို့မေ့သွားတာ အဲ့ကောင် ငါတို့အတန်းရဲ့ roll 1 လေ အယူအစွဲကလည်းကြီးသလားမမေးနဲ့ မင်းအဘွားကတောင်အဘိုးပြန်ခေါ်ရမယ် အရယ်အပြုံးလည်းမရှိဘူး ဘယ်လိုကောင်လဲမသိဘူး''

''ငါဒီကိုကျောင်းပြောင်းလာတာ နှစ်တစ်ဝက်ရှိပြီသူ့ကိုသတိမထားမိပါဘူး''

''မင်းကတော့ဘယ်သတိထားမိမလဲ အတန်းထဲကလူတွေကိုမှစိတ်မဝင်စားတာ''

''ဆရာလာပြီ ကိုယ့်နေရာကိုယ်ထိုင်ကြပါ''

အတန်းခေါင်းဆောင်အော်သံကြားတော့ အကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်၏။

*ဘုတ်* ''ဟာ သွားပြန်ပြီဟ''

သူအငိုသန်လေးရဲ့ဘောပင်အိတ်ကိုဝင်တိုက်မိလို့ မှောက်ကျကုန်ပြန်ပြီ။

''ကင်မ်ထယ်ရယ် နာမည်လေးကလှသားပဲ''

နာမည်ကတ်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သော်လည်း လက်ခံရရှိလာတာကမျက်စောင်းများသာ။

''ပြန်ကောက်''

စကားကိုတိုတိုတုတ်တုတ်ပြောပြီး စိုက်ကြည့်နေပြန်သည်။အားနာစိတ်လည်းရှိပုံမပေါ်။

𝖨 𝖡𝖤𝖳 𝖸𝖮𝖴 𝖳𝖮 𝖡𝖤𝖢𝖮𝖬𝖤 𝖬𝖸 𝖡𝖥  : 𝗌𝗁𝖾𝗇𝗍𝖺𝖾𝗋𝖺𝖾Where stories live. Discover now