• 𝖼𝗁𝖺𝗉𝗍𝖾𝗋 𝗍𝗐𝗈 •

329 49 1
                                    

''ဒီမှာ တစ်ချက်လောက်နေရာလေးလဲပေးပါ့လား''

''အာ အင်း''

ရစ်ခီသူ့လက်ရှိနေရာကနေထယ်ရယ့်ဘေးကိုပြောင်းလာခဲ့သည်။အဲ့လိုလုပ်ဖို့ထယ်ရယ့်ဘေးကထိုင်ခုံဖော်ကို game စက်တစ်ခုတောင်ဝယ်ပေးထားရတာ။

''hello i'm ricky''

''သိတယ်''

သူနဲ့သိလည်းမသိဘဲ ဘာလို့သူဘေးထိလာထိုင်လဲမသိ။ခုံလဲပေးတဲ့အတန်းဖော်ကိုလည်းအံ့အံ့သြသြ။

''အိုးဟိုး ကိုယ့်ကိုသိနေတာပဲ''

သူ့ကိုယ်သူ super star ထင်နေတာဖြစ်မည်။

''ဒီမှာ ရစ်ခီရှန်''

သူ့မျက်လုံးကိုတည့်တည့်စိုက်ကြည့်လာတဲ့ထယ်ရယ်ကြောင့် ရစ်ခီခေတ္တမျှငေးမောမိသွားသည်။မျက်လုံးလေးတွေက လှလိုက်တာ။

''ပြောစေဗျာ''

''ငါ့စာရေးစားပွဲခုံပေါ်ကိုတက်ထိုင်ပြီး ဘောပင်အိတ်ပြုတ်ကျအောင်လုပ်တဲ့သူကိုတစ်ရက်တည်းနဲ့ ငါကမေ့မယ်ထင်နေတာလား''

သူ့ကိုမှတ်မိတယ်ဆို၍သာ ရစ်ခီဝမ်းသာသွားပေမယ့် ထယ်ရယ်သူ့ကိုမှတ်မိတာကကောင်းသောမှတ်မိခြင်းမျိုးနဲ့တော့မဟုတ်။

''ငါကမင်းနဲ့ခင်ချင်ရုံပါ ထယ်ရယ်ကလည်း ထိုင်ခုံဖော်အသစ်ဖြစ်နေပြီပဲကို ကောင်းကောင်းဆက်ဆံပေးလေ''

မျှော်လင့်ချက်ရေးရေးလေးနဲ့ ရစ်ခီအတင့်ရဲလိုက်ပေမယ့်တစ်ဖက်ကပြောလာသည်ကအေးတိအေးစက်စကားလုံးများသာ။

''အရင်ထိုင်ခုံဖော်နဲ့တုန်းကစကားတောင်မပြောဖူးတာမလို့ မင်းနဲ့လည်းအဲ့လိုပဲဖြစ်နေမှာရစ်ခီရှန်''

ရစ်ခီဆွံ့အသွားရသည်။ထယ်ရယ်က နှလုံးသားမရှိတာပဲလား ဘာလား။လူတစ်ယောက်ကဒီလောက်ထိပြတ်သားနိုင်သတဲ့လား။

''အိုက်ဂူး ထယ်ရယ်ကလည်း ကိုယ်နဲ့သူကတူတာမှမဟုတ်တာ''

''ဘာလို့လဲ မင်းနှဖူးမှာဂျိုများပေါက်နေသေးလို့လား ငါပဲမမြင်ရတာများလား''

ထယ်ရယ့်စကားတွေကြောင့် ရစ်ခီနှုတ်ခမ်းဆူမိသည်။ဘာလို့ဒီလောက်ဂျစ်ရတာလဲ။

𝖨 𝖡𝖤𝖳 𝖸𝖮𝖴 𝖳𝖮 𝖡𝖤𝖢𝖮𝖬𝖤 𝖬𝖸 𝖡𝖥  : 𝗌𝗁𝖾𝗇𝗍𝖺𝖾𝗋𝖺𝖾Where stories live. Discover now