• 𝖼𝗁𝖺𝗉𝗍𝖾𝗋 𝖿𝗂𝗏𝖾 •

202 31 5
                                    

ဒီနေ့မနက်ရစ်ခီကျောင်းကိုရောက်တော့ ထယ်ရယ့်နေရာကိုလှမ်းကြည့်မိသည်။ထယ်ရယ်ရှိမနေ။

roll call ကောက်တော့လည်းထယ်ရယ့်နာမည်က absence စာရင်းထဲပါနေသည်။သူစိတ်တော့ပူနေပြီ။လူတစ်ယောက်နာမည်ကြားတာနဲ့ ကျောင်းတောင်မလာရလောက်တဲ့အထိ အဲ့ဒီလူရဲ့လွှမ်းမိုးမှုကထယ်ရယ့်အပေါ်မှာဘယ်လောက်တောင်သက်ရောက်နေတာလဲ ?

ဘေးနားကလူတွေနဲ့စကားပြောရင်း ရယ်မောနေတဲ့ရှင်းမ်ဂျူဟာဆိုတဲ့ကျောင်းသားသစ်ကိုကြည့်မိရင်း ရစ်ခီ့ဒေါသတွေကငယ်ထိပ်ထိရောက်လာသည်။

''ရစ်ခီရှန် မင်းဟာကလည်း''

ဂယူဘင်းကနှစ်ချက်လောက် ပုခုံးကိုပုတ်လိုက်မှစိတ်ကပြေသွား၏။

''ကင်မ်ထယ်ရယ်မလာတာနဲ့ ကျောင်းသားသစ်ကိုဂျိုကစ်တာကတော့ နည်းနည်းများတယ်နော် ငါ့ကောင်''

ငယ်သူငယ်ချင်းဆိုတာ ရိုက်စစ်စရာမလို။ရစ်ခီ့အကြောင်းကို ရစ်ခီ့မားမားထက်ပင်သိသေး၏။

''ထယ်ရယ်ကျောင်းမလာတာ သွေးရိုးသားရိုးတော့ဟုတ်မနေဘူး ဂယူဘင်း ငါ့ကိုအဲ့ကောင်အကြောင်းနည်းနည်းစုံစမ်းပေး''

''ဘယ်ကောင်လဲ ရှင်းမ်ဂျူဟာလား''

''သူမဟုတ်ရင် ငါ့အကြောင်းစုံစမ်းဖို့ပြောရမှာလား မင်းကို'' နားဝေးနေတဲ့ဂယူဘင်းကို ရစ်ခီခပ်ထေ့ထေ့ပြောတော့ ဂယူဘင်းကမျက်စောင်းထိုးပြီးထထွက်သွား၏။

အတန်းချိန်တွေမှာရစ်ခီစာကိုအာရုံမရောက်တာမို့ ခဏခဏအဆူခံရသည်။ဂယူဘင်းကတော့ သူ့နေရာကနေရစ်ခီ့ကိုလှမ်းလှမ်းဟန့်ရှာ၏။

နေ့လည်ထမင်းစားချိန်ရောက်တော့ နောက်ခုံမှာခေါင်းတင်ကာ ရစ်ခီခဏမှေးနေမိသည်။အခုအချိန်ထမင်းစားချင်စိတ်လည်းရှိမှမနေတာ။

'' Yo ! ရစ်ခီရှန် nice to meet you bro ''

ပြောပြောဆိုဆိုနဲ့ပုခုံးလာပုတ်တဲ့လက်တွေကိုရစ်ခီလိမ်ချိုးချင်မိ၏။သူအနားယူနေတုန်း လာနှောင့်ယှက်တဲ့ကောင်တွေကို ရစ်ခီမုန်းသည်။

ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ရှင်းမ်ဂျူဟာ !

''ဘာပြောစရာရှိလို့လဲ''

You've reached the end of published parts.

⏰ Last updated: Oct 11, 2023 ⏰

Add this story to your Library to get notified about new parts!

𝖨 𝖡𝖤𝖳 𝖸𝖮𝖴 𝖳𝖮 𝖡𝖤𝖢𝖮𝖬𝖤 𝖬𝖸 𝖡𝖥  : 𝗌𝗁𝖾𝗇𝗍𝖺𝖾𝗋𝖺𝖾Where stories live. Discover now