ရစ်ခီ့ကိုကတိပေးထားသည့်အတိုင်းစာအတူလုပ်ဖို့ ရစ်ခီအိမ်လိပ်စာပေးထားသည့်နေရာကိုသွားလိုက်သည်။အိမ်ကတော့ အကောင်းစားပင်။တရုတ်သူဌေးလေးက အတော်လေးချမ်းသာပုံရ၏။
ပထမတစ်ခေါက် ဘဲလ်ကိုနှိပ်လိုက်တော့ဘယ်သူမှထွက်မလာ။ဒုတိယတစ်ခေါက်ထပ်နှိပ်တော့ ရစ်ခီကိုယ်တိုင်ထွက်ကြို၏။
''ထယ်ရယ်ကလည်း ကိုယ်လာကြိုမှာပေါ့''
ပြောနေတဲ့သူကိုမကြားသလိုလုပ်ပြီးအိမ်ထဲဝင်သွားလိုက်သည်။
''စာကဘယ်နားမှာလုပ်ရမှာလဲ''
မေးဆတ်ပြီး မေးလိုက်တော့ သူ့အခန်းကိုလက်ညှိုးထိုးပြသည်။
''ကိုယ့်အခန်းထဲ''
''ရှေ့ကသွား''
ဒီအိမ်အကျယ်ကြီးထဲမှာတော့ လောလောဆယ် သူရယ်၊ရစ်ခီရယ်၊အိမ်အကူအဒေါ်ကြီးရယ်သာရှိ၏။
''အဒေါ်ကြီး ကျွန်တော်တို့စားဖို့ မုန့်တစ်မျိုးမျိုးလောက်ပြင်ခဲ့ပေးပါနော်''
''အေးအေး သား''
ထယ်ရယ်မျက်စောင်းထိုးလိုက်သည်။စာလုပ်မယ့်ကိစ္စတောင် မုန့်ကစားချင်နေသေးတယ်။
🐾
အိမ်ထဲဝင်လာကတည်းက စကားကိုသူပြောစရာရှိတာပဲပြောပြီး ငြိမ်နေတဲ့သူကိုရစ်ခီအကဲခတ်နေမိသည်။
အဒေါ်ကြီးကိုမုန့်ယူလာဖို့ပြောတော့ မျက်စောင်းကထိုးသေး၏။သူစားဖို့ယူလာပေးခိုင်းတာကို စေတနာကိုကျေးဇူးတင်ရကောင်းမှန်းမသိ။
''ဘာအရင်စလုပ်ကြမှာလဲ''
''စာ''
ဘယ်ဘာသာရပ်ကိုအရင်စလုပ်ကြမလဲဆိုတဲ့သဘောသက်ရောက်နေသည့် သူ့အမေးကိုဖြေလိုက်ပုံက ကြည့်ပါဦး။
''စာလုပ်မှာတော့ ဘယ်သူကမသိလို့လဲ''
ရစ်ခီနှုတ်ခမ်းဆူရင်းဂျစ်ကန်ကန်ပြောလိုက်၏။ပုံမှန်ဆို သူဒီလောက်သည်းမခံတတ်။ဂယူဗင်းနဲ့လောင်းထားသည့်ဝမ်နှစ်သိန်းကလည်း တကယ်တော့သူ့အတွက်ကဘာမှမဟုတ်။သူတကယ်ကိုထယ်ရယ်နဲ့ခင်ချင်တာပဲရှိသည်။
YOU ARE READING
𝖨 𝖡𝖤𝖳 𝖸𝖮𝖴 𝖳𝖮 𝖡𝖤𝖢𝖮𝖬𝖤 𝖬𝖸 𝖡𝖥 : 𝗌𝗁𝖾𝗇𝗍𝖺𝖾𝗋𝖺𝖾
Fanfiction'' ထယ်ရယ် ငါ့ကောင်လေးဖြစ်ပေးမလား '' '' သေချာပေါက်ပေါ့ ရစ်ခီ ''