• 𝖼𝗁𝖺𝗉𝗍𝖾𝗋 𝖿𝗈𝗎𝗋 •

276 40 3
                                    

''ထယ်ရယ် ငါ့ကိုရောမင်းအိမ်ကိုခေါ်သွားဖို့စိတ်ကူးမရှိဘူးလား''

စာလုပ်နေရင်းနဲ့တောင် စာကိုအာရုံမရောက်ဘဲပေါက်ကရလေးဆယ်လျှောက်တွေးနေတဲ့ရစ်ခီ့ခေါင်းကို ထယ်ရယ်နာနာလေးခေါက်ပစ်ချင်မိသည်။

''ဒီလ အဆင့်တစ်ရရင် ခေါ်သွားပြမယ်''

ရစ်ခီကမျက်ခုံးထူထူတန်းတန်းနှစ်ဖက်ကို အလိုမကျစွာတွန့်ချိုးပစ်၏။

''မင်းရှိနေတာကို ကိုယ်ကဘယ်လိုလုပ်အဆင့်တစ်ရအောင်ယူရက်ပါ့မလဲ''

ထယ်ရယ်မျက်စောင်းထိုးလိုက်သည်။စာမလုပ်ချင်လို့ပေးနေသည့် ဆင်ခြေဆင်လက်တွေ...။

''အဲ့တာဆို အိမ်လိုက်မလာနဲ့ပေါ့''

ရစ်ခီ့မျက်နှာဆူပုတ်သွားသည်။

''လိုက်ချင်တာ စာလုပ်တဲ့နေရာကူပေး''

ထယ်ရယ် မျက်လုံးလှန်ပြီးသာတစ်ချက်ကြည့်လိုက်သည်။ဘာမှပြန်မပြောဖြစ်။

''ကဲ ကဲ ကဲ''

အတန်းထဲကိုဆရာဝင်လာတာကြောင့် အတန်းတစ်ခုလုံးငြိမ်ကျသွားသည်။

''နှုတ်ဆက်လိုက်ကြ ကျောင်းပြောင်းလာတဲ့ကျောင်းသားသစ်ပဲ''

ထယ်ရယ်လှမ်းလည်းမကြည့်ဖြစ်ပါ။အမှုမဲ့အမှတ်မဲ့။

''မင်္ဂလာပါ ရှင်းမ်ဂျူဟာလို့ခေါ်ပါတယ်''

ထယ်ရယ့်ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်။သွေးကြောတွေကပြောင်းပြန်စီးဆင်းသွားသလိုပဲ။သူအခုကြားလိုက်ရတဲ့နာမည်က ? ရှင်းမ်ဂျူဟာမှဟုတ်ရဲ့လား ?

ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားတာကို ရစ်ခီကရိပ်မိသွားပုံပါပင်။

''ထယ်ရယ် အဆင်ပြေရဲ့လား''

တုန်ရီနေတဲ့လက်တွေကို အုပ်ကိုင်လာတဲ့ရစ်ခီ့လက်တွေကနွေးထွေးနေသယောင်။

''ထယ်ရယ် မင်းဘေးမှာထိုင်လို့ရတယ်မလား''

ပြန်လည်းမဖြေဖြစ်သလို လှည့်လည်းမကြည့်ဖြစ်။မျက်နှာကိုမြင်ပြီး အတည်ပြုဖြစ်သွားရင်ထယ်ရယ်ရူးသွားလိမ့်မည်။

𝖨 𝖡𝖤𝖳 𝖸𝖮𝖴 𝖳𝖮 𝖡𝖤𝖢𝖮𝖬𝖤 𝖬𝖸 𝖡𝖥  : 𝗌𝗁𝖾𝗇𝗍𝖺𝖾𝗋𝖺𝖾Where stories live. Discover now