Liming 💗 Heart
နောက်ဆုံးမှာ ကျွန်တော့်ရဲ့ရည်မှန်းချက်အတိုင်း ပြည်ပကိုထွက်ခွင့်ရခဲ့သည်။
ဘေးနားမှာ ကျွန်တော့်ရဲ့ချစ်သူ Heartရော အတူသူလည်း U.Sမှာ တက္ကသိုလ်ဆက်တတ်ဖို့ ကျွန်တော်နဲ့ ဟိုမှာအတူနေမှာလေ ။
ဦးလေးတို့ကိုနှုတ်ဆက်ပြီးတာနဲ့ လေယာဉ်ဟာကျွန်တော်တို့သွားချင်တဲ့ခရီးတစ်ခုစီ ပျံသန်းသည်။
ကျွန်တော်လက်ဟန်အမူအရာနဲ့ Hearကို ပြောလိုက်တယ်
//Heart ပင်ပန်းနေလားပေါ့ //
သူက ကျွန်တော့်ကိုခေါင်းရမ်းပြခဲ့သည်။
သူက ကျွန်တော့်ထက်တောင် နိုင်ငံခြားလို အသစ်အဆန်းနေရာတစ်ခုကို ပိုသဘောကျနေတော့တာ
လေယာဉ်ပေါ်မှာပဲ ကျွန်တော့်ကို စိတ်လှုပ်ရှားတဲ့အကြောင်း လက်ဟန်အမူအရာတွေနဲ့ ပြသနေတယ်.........
Flight arrival>>>
အိမ်ပိုင်ရှင်ပေးတဲ့ အခန်းသော့ကို ယူလိုက်ပြီး ကျွန်တော်တို့ နေရမဲ့အခန်းလေးကိုဖွင့်လိုက်သည်
တကယ်ဆို U.Sမှာနေထိုင်ဖို့ စားသောက်ဖို့က Heartတို့အိမ်က အကုန်ကျခံထားသည်။
Heart အမေက ဒီခရီးကို သူ့သားကို မထည့်ချင်ပေမယ့်လည်း သူမတို့လင်မယားဟာ အရင်ကထက်အမြင်ကျယ်လာခဲ့ပြီလေHeartကိုလည်း တစ်ခြားသူတွေနဲ့ တန်းတူရည်တူထားချင်တဲ့စိတ်ကူးလေးတွေက ပိုရှိလာကြသည်။
"Heart"
သူ့နာမည်ကို တစိမ့်စိမ့်ခေါ်ရင်း အတူနေရမဲ့ အိမ်ထဲကို လက်ဆွဲပြီးခေါ်လာခဲ့သည်။
Heartက သူ့အထုပ်တစ်ချို့ကိုတော့ ပွေ့ထားတုန်း။
// ငါနဲ့ အတူနေရမှာမလို့ ပျော်တယ်မလား //
သူလက်ဟန်အမူအရာနှင့်ပြောတော့ Heartက သဘောကျကြောင်းပြန်ပြောတယ်
ပြီးတော့ သူ့ရဲ့လက်တစ်ဖက်ကိုသုံးပြီး ကျေးဇူးတင်ပါတယ်တဲ့လေ
အိမ်လေးက လုံးချင်းအိမ်သေးလေးဖြစ်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်အတွက်ဆို အတော်လေး ကျယ်၀န်းသည်။
မီးဖိုချောင် နဲ့ ဧည့်ခန်းက တွဲလျက်လေးဖြစ်ပြီး အိပ်ခန်းလည်း တစ်ခုပါသည်။ ရေချိုးဖို့နဲ့ အိမ်သာက ကပ်လျက်အခန်းတစ်ခု။