Part 4

768 78 8
                                    

Junဟာ စားသောက်ဆိုင်မှာ ကျွန်တော့်ထက်နောက်မှ အလုပ်၀င်လာတဲ့ ၀န်ထမ်းတစ်ယောက်။

သူက တရုတ်လူမျိုး Heart လိုပဲ ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့
ဆိုင်မှာတော့ အချိန်ပိုင်း၀န်ထမ်းလုပ်နေတာ ဖြစ်သည်။

ဆိုင်မှာလည်း နိုင်ငံရပ်ခြားက လာတဲ့သူဆိုလို့ ကျွန်တော်တို့နှစ်ယောက်ထဲမို့ Junက ကျွန်တော့်ကို ပြောဆိုဆက်ဆံဖို့ အဆင်ပြေသည်ထင်သည်။

သူမသိတာတွေကိုလည်းမေးတတ်သေးတယ်

ပြီးတော့Junကလည်း ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့သူမို့လို့ အချိန်တိုတွင်းမှာ ရင်းနှီးခဲ့ကြသည်။

............

Oct 31ရက်နေ့ဖြစ်တာကြောင့် Halloweenနဲ့ပတ်သက်တဲ့ အပြင်အဆင်‌ေတွ ဆိုင်မှာပါ ဖန်တီးထားကြသည်။ Limingတို့ ထိုင်းမှာဆိုဒီလိုပွဲတော်မျိုးက သိပ်အရေးတကြီးအခွင့်တစ်ကျယ်မဟုတ်ပေမယ့် ဒီမှာတော့ နှစ်တိုင်းခေတ်စားရေပန်းစားနေဆဲဖြစ်သည်။

လမ်းမှာလည်း ဟိုဟိုဒီဒီ လျှောက်သွားရင်းလည်နေကြတဲ့သူတွေက Hallowen costumeတွေ၀တ်ဆင်ကာ နေရာအစုံမှာ ရှိနေကြသည်။
လမ်းက အထူးအဆန်းတွေကိုလိုက်ကြည့်ရင်းနဲ့ Heart ကိုတောင် သတိရမိသေးသည်။
သူဆိုရင် တွေ့သမျှအကုန်လိုက်ကြည့်နေတော့မှာ

အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်းလုံးချင်းအိမ်လေးက တိတ်ဆိတ်နေပြန်သည်။
Heartက နားမကြားဘူးဆိုပေမယ့် သူကပစ္စည်းတွေကိုင်တွယ်ရာမှာလည်း အင်မတန်မှသိမ်မွေ့တယ်
တခါတလေလည်း လူရှိနေလားလို့ မထင်ရလောက်အောင်ပါပဲ

အိမ်ထဲကိုလှမ်း၀င်လိုက်တော့ တိတ်ဆိတ်နေမြဲပဲလေ။
မီးဖိုချောင်ထဲ၊ ရေချိုးခန်းအထိ ရှာအပြီးမှာလည်း တိတ်ဆိတ်နေမြဲ

ကျွန်တော့်နောက်ကျောက ခြေသံလိုလိုကြားရတာကြောင့် Heart  မဟုတ်တဲ့ တစ်ယောက်များလားလို့ အသင့်အနေအထားဖြင့်ပြင်လိုက်တယ်

ထို့နောက်မှာတော့ တစ်ကိုယ်လုံး အဖြူရောင်အုပ်ထားတဲ့ အရာတစ်ခုက ကျွန်တော့်ကို ခြောက်လှန့်လိုက်တယ်။

သေချာတာပေါ့ သူကHeart ပဲ
လိုက်ကာစအဖြူရောင်ကို ဖြုတ်ပြီး သူ့ကိုယ်မှာ ခြုံထားတာလေ

Heartရဲ့ဒူးအောက်ကနေလက်လျှိုသွင်းပြီး မ ချီလိုက်တယ်

Heartကတော့ အလုံထုပ်ဖြစ်သွားပြီး လက်တွေတောင် ရုန်းလို့မရတော့ဘူး

သူ့လက်တွေလှုပ်မရတော့ ခြေထောက်ကိုလှုပ်ပြန်တယ်

မွန်းနေမှာစိုးတာနဲ့ ခဏအကြာတော့ အိပ်ယာပေါ်ကို အသာအယာချပေးလိုက်တယ်

လိုက်ကာစအဖြူကို သူ့ကိုယ်ပေါ်က ဆွဲခွာအပြီးမှာတော့ Heartက ရယ်မောနေတုန်း

//အဲ့လောက်တောင် ဆော့ ရလား ဟမ်//

အိပ်ယာပေါ်ကHeartကို ကလိထိုးလိုက်တော့
သူက တွန့်လိမ်နေပြီး ထဖို့ပြင်လိုက်သည် ။

ပြီးတော့ လိုက်ကာစကို Limingကိုပါ လိုက်အုပ်နေသေးသည်။

အပြင်ကိုခေါ်သွားဖို့စိတ်ကူးထာ‌းပေမယ့်Heartက ဆော့နေသေးတာ မရပ်ပြန်ဘူး

//တော်လောက်ပြီ Heart //

ကျွန်တော်သူ့ပါးကို ဖိကပ်ပြီးနမ်းလိုက်တယ်

Heartက ခဏတော့ငြိမ်သွားခဲ့ပြီ ။

Heartရဲ့အသက်ရှူသံနွေးနွေးရနေတဲ့ မျက်နှာနားထိ နီးကပ်အောင်လုပ်လိုက်ပြီးနမ်းဖို့ကိုကျတော့ အိုက်တင်ခံထားလိုက်သေးတယ်

Heartက ကျွန်တော့်မျက်နှာနားမှာ ရုန်းတောင်မရုန်းတော့ဘူး
သူငြင်းမှာ မဟုတ်တာကို သိတာနဲ့Heartရဲ့လည်တိုင်ကို ဖွဖွကိုင်ပြီး နှုတ်ခမ်းကိုစတင်နမ်းလိုက်တယ်။

Heartကလည်း အလိုက်သင့်လေးတုံ့ပြန်လာခဲ့တယ်လေ

ကုတင်အောက်မှာ ခြေထောက်ချထားတဲ့ Heartရဲ့ကိုယ်လုံးကို အိပ်ယာပေါ်အပြည့်တင်ပေးလိုက်ပြီး အပေါ်ကနေ အုပ်မိုးကာနမ်းမိလိုက်တော့သည်။

တကယ်ဆို တစ်အိမ်ထဲမှာ ချစ်သူရည်းစားနှစ်ယောက်အတူနေတယ်ဆိုထဲက လက်ချင်းချိတ်ပြီး တရားထိုင်နေဖို့မှမဟုတ်တာ........

Tbc ~~~
..........

Liming 🤍 Heart [Completed]Where stories live. Discover now