"Heart ငါဒီနေ့အိမ်ကို ဧည့်သည်ခေါ်လာချင်တယ် ရတယ်မလား"
Heartရဲ့ ဖုန်းကို massage ပို့လိုက်တော့ တစ်ဖက်က Heartထံမှ "အင်း" ဆိုသောReply ကြောင့် Limingပြုံးလိုက်သည်။
Junကိုလည်း Heartအကြောင်းတော်တော်များများပြောထားဖူးပြီး သူကလည်း အိမ်လိုက်လည်ချင်ပါသည်ဆိုတဲ့အတွက် Limingမဖိတ်ခေါ်လို့လဲ မတတ်နိုင်ခဲ့။
Heart က အနေလည်းအေးတာကြောင့် အပေါင်းအသင်းတွေနဲ့လည်း လှိုက်လှိုက်လှဲလှဲသိပ်မရှ်ိ ။ ပထမတော့Junကိုခေါ်သွားရင် Heartအတွက်အဆင်ပြေပါ့မလားလို့တောင်တွေးမိသေးသည်။ Heart ထံမှ ခွင့်ပြုချက်ရလို့သာ
Jun နဲ့Heartနဲ့ ခင်မင်ရင်လည်းကောင်းမည်။
Junကို ထမင်းလည်းချက်ကျွေးမှာဖြစ်တဲ့အတွက် ဈေးကနေ ပစ္စည်းပစ္စယတွေ၀ယ်လာပြီး Junကိုပါ ကူသယ်ခိုင်းခဲ့ရသေးသည်။
"ဒါ ငါတို့အိမ်ပဲ Jun "
တရုတ်နွယ်ဖွား ပိန်ပါးပါးအရပ်ရှည်ရှည် နဲ့ကောင်လေးက Limingကို ကြည့်ပြီး ပြုံးကာ အိမ်ထဲကို ဝေ့ကြည့်လိုက်သည်။
"လာ ....အထဲ၀င်
Heartရှိနေတာကြောင့် အိမ်လေးက အမြဲတမ်း တံခါးဖွင့်ထားတာဖြစ်သည်
//ငါရောက်လာပြီ //
အိမ်ထဲမှာရှိနေတဲ့ Heartကို သူလက်ပြပြီးနောက်Jun ကို မိတ်ဆက်ပေးဖို့Heart ကို ခေါ်လိုက်တယ်
//သူက မင်းကိုတွေ့ချင်နေတာHeart
ငါမင်းအကြောင်းတွေလည်း သူ့ကို အများကြီးကြွားထားတယ် //Heartက Junကို လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် Limingရဲ့ ဘေးကိုသာ ကပ်တိုးရပ်နေတော့သည်။
//Heartငါတို့ အစားအသောက်တွေ ပြင်ဆင်လိုက်ဦးမယ် //
Heartကိုအသိပေးပြီးတာနဲ့ မီးဖိုချောင်ထဲကို နှစ်ယောက်သား ၀င်ကာ စတင်ချက်ပြုတ်ဖို့ပြင်ဆင်ကြသည်။
Junကလည်း ကျွန်တော်နဲ့ဆို စကားတွေအများကြီးပြောတတ်သည်။ဟင်းချက်ချိန်တွေဘယ်လို ကုန်သွားမှန်းမသိအောင်ကို စကားတွေပြောလိုက် ၊ရယ်မောလိုက်နဲ့
တရုတ်ဟင်းလျှာတွေအတွက် ပါ၀င်ပစ္စည်းတွေ ၀ယ်လာသည့်အတွက် ဟင်းချက်တဲ့ တာ၀န်ကို Jun က အလုံးစုံတာ၀န်ယူသည်