Part 2

786 79 0
                                    

မနက်ခင်းမိုးလင်းတဲ့အချိန်မှာ ကျွန်တော့်ရဲ့လက်ကို တစ်စုံတစ်ယောက်က လာပုတ်နေတယ်လေ ....

အခုထိ မျက်လုံးတွေမှိတ်ထားပြီး ကျွန်တော်အိပ်ယာထဲမှာဲပဲကွေးနေမိတုန်း

ဘေးနားမှာ လက်မောင်းတွေကို လာ‌ပုတ်နေသူကလည်း သေချာပေါက် Heartပဲမို့ သူ့ရဲ့လက်ချောင်းတွေကျွန်တော်ဖမ်းချုပ်ကိုင်ထားလိုက်တယ်

ပြီးတော့ အိပ်ယာမထချင်သေးတဲ့အမူအရာပြသတဲ့အနေနဲ့ ပိန်ပါးပါးခန္ဓာကိုယ်လေးကိုပါ ဆွဲပြီးဖက်ထားလိုက်သည်။
Heartကတော့ တလှုပ်လှုပ်နဲ့ရုန်းကန်နေတာပေါ့ အဲ့တာကြောင့်မို့လို့ သူ့ရဲ့ခြေတံရှည်ရှည်တွေကိုပါ ခြေထောက်နဲ့ ထပ်မံဖိထားလိုက်ရသည်။

ဒါတင်ဇွဲ့မလျော့သေးဘဲ ကျွန်တော့်ရဲ့ပါးကိုHeartက ခပ်ဖွဖွလာကိုက်တယ်
အဲ့ဒီ့အစား အနမ်းတစ်ပွင့်ဖြစ်သင့်တာ

//ငါ ထပ်အိပ်လိုက်ဦးမယ်//

ကျွန်တော့်ရဲ့မျက်လုံးဖွင့်လိုက်ပြီး သူ့ကိုအမူအယာနဲ့ ထပ်ပြောလိုက်သည်။

Heartက နာရီကိုညွှန်ပြနေသည် ။
နာရီလက်တံက 6နာရီခွဲကိုညွှန်ပြနေတယ်

//အလုပ်မှ မသွားရသေးတာ ခဏနေပါဦးကွာ //

Heartက သူ့ရဲ့ပြားကပ်နေတဲ့ ဗိုက်ကိုပုတ်ပြလာတယ် သူဗိုက်ဆာပြီဆိုတဲ့ ပုံစံမျိုးနဲ့

အဲ့ဒီ့နောက်မှာပဲ ကျွန်တော်မျိုး Liming စားတော်ကဲ ဟာ အိပ်ယာပေါ်က ကုန်းထရတော့သည်။

ဒါပေမဲ့လည်း အပေးယူမျှမှဖြစ်တာကြောင့် Heart ရဲ့ အိပ်ယာနိုးခါစ ကပိုကရိုဖြစ်နေတဲ့ဆံပင်ဘုတ်သိုက်လေးနဲ့ မျက်နှာတစ်ဖက်ကို
ရှူးခနဲနေအောင် တ၀ကြီး နမ်းပစ်လိုက်သည်

ပြီးတာနဲ့အိပ်ယာပေါ်ကကုန်းထပြီးရေချိုးခန်းဆီ၀င်တော့Heart လဲ အတူလိုက်လာသည်။

သွားတိုက် ၊ မျက်နှာသစ်တာကအစ ကျွန်တော်တို့နှစ်ယောက်အတူ။

အိမ်ရှင်၀ယ်လာပေးသွားတဲ့ ပေါင်မုန့်တွေနဲ့ ယိုဘူးကို မနက်စာအဖြစ်အသုံးချရတော့မည်။

ပေါင်မုန့်မီးကင်စက်ကလည်း အသင့်ရှိနေတာမို့ မနက်စာအတွက်Heartကိုရိုးရိုးရှင်းရှင်းပဲ ပြင်ပေးလိုက်တယ်

//နောက်ပြီးကျရင် ငါတို့ ဈေး၀ယ်ထွက်ရအောင် ///

//လိုက်မယ်မလား //

Heartက သူလုပ်နေကျအတိုင်းပြုံးပြီး ခေါင်းတဆက်ဆက်ငြိမ့်တယ်
မနက်ဆိုရင်Limingကလည်း စားသောက်ဆိုင်တစ်ခုမှာ အလုပ်၀င်ရမှာဖြစ်ပြီးတော့ Heartကလည်း ကျောင်းတတ်ဖို့အတွက် ပြင်ဆင်ရဝောာ့မှာဖြစ်တယ်

အဲ့တာကြောင့်ပဲ အိမ်ကလိုအပ်တဲ့ပစ္စည်းတွေ သွား၀ယ်ရမည်။

ဒီနိုင်ငံမှာနေရတဲ့ သဘောကျတဲ့အချက်က လူတိုင်းက ဘ်ယ်အရာကိုပဲဖြစ်ဖြစ် မျက်စိတဆုံး လိုက်ကြည့်တတ်တာမျိုးမရှိဘူးလေ

Heartကတော့ ဈေး၀ယ်ထွက်ရင်း ကျွန်တော့်လက်မောင်းကို ဖက်ထားပြီး clingy babyလေး လုပ်နေတော့တယ်။

//မင်းလိုအပ်မယ့်ဟာတွေ ထည့်လေ //

ဈေးခြင်းတောင်းတွန်းလှည်းကို ကျွန်တော်ပုတ်ပြလိုက်တယ်

Heartက သွားရှာလာတယ် ဒါပေမဲ့ အိမ်မှာအလှဆင်ဖို့ ပစ္စည်းလေးတွေနဲ့ အရုပ်လေးတွေ

ပြီးတော့ ဘုရားကျောင်းမှာ ခရစ်စမတ်နေ့က သူတို့နှစ်ယောက် ဆင်တူရထားတဲ့snow man နဲ့ ဆင်တူ အရုပ်ခပ်ကြီးကြီးနှစ်ခုကိုလည်း၀ယ်ထည့်လိုက်တယ် ။

//မလိုတာတွေ အရမ်းများနေပြီ //

ကျွန်တော်ပြောလိုက်တော့ သူက မသိချင်ယောင်ဆောင်နေတယ်လေ
အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေရောင်းတဲ့ ကောင်တာတွေဘက်လျှောက်ရင်း နှစ်ယောက်စားဖို့အဆင်ပြေမဲ့ဟာတွေ ကျွန်တော် ရွေးချယ်၀ယ်ယူလိုက်တယ်

// မင်းကို ချက်ကျွေးဖို့ //

သူက ခေါင်းငြိမ့်ပြပြီး ဈေးတွန်းလှည်းကို ကူတွန်းပေးတယ်။

အိမ်နဲ့ Mallက သိပ်မဝေးတာကြောင့် ဈေး၀ယ်ပြီးတာနဲ့နှစ်ယောက်သား လမ်းလျှောက်ပြီးပြန်လာကြသည်။

Heartက ပစ္စည်းတွေကို သူပဲသယ်ချင်တယ်လိုဆိုတာကြောင့် Limingသူ့ပခုံးကိုပဲ ဖက်ကာ လိုက်လာခဲ့တယ်

လမ်းပေါ်မှာ ခွေးလေးတွေကိုကြိုးတပ်ပြီး လမ်းလျှောက်နေကြတဲ့သူအချို့ကိုမြင်တော့ Heartက သဘောကျနေတဲ့ ပုံဖြင့် ခွေးလေးတွေ သွားရာနောက်ကိုသမင်လည်ပြန်လှည့်ကြည့်သည်။

// မင်း လိုချင်နေပြန်ပြီလား Heart/

မနိုင်ဘူးဆိုတဲ့ အပြုံးနဲ့ Heart ကို ကြည့်ပြီး
ခေါင်းကိုသာ ရမ်းလိုက်မိတယ်

....ငါပထမဆုံး လစာရပြီးရင် ၀ယ်ရမဲ့ စာရင်းထဲသာ ထည့်မှတ်ထားလိုက်ပါတော့

TBC~~

Liming 🤍 Heart [Completed]Where stories live. Discover now