ပိုက်ဆံရှာရတဲ့ ဘယ်အလုပ်မဆိုတိုင်းကခက်ခဲတာပါပဲ မွေးရပ်မြေမဟုတ်တော့လည်း ပိုဆိုးတာပေါ့ ဘာသာစကားအခက်အခဲကလည်းရှိပြန်တယ်
ဆိုင်မှာ မနက်၉နာရီဆိုတာနဲ့ အော်ဒါတွေများလာတဲ့တစ်လျှောက် ထိုင်နေရဖို့ဆိုတာ ဝေလာဝေးပါပဲဒါတောင်မှ ကျွန်တော်က ပတ္တရားမှာနေတုန်းက အလု ပ်ကောင်းကောင်းလုပ်နိုင်ခဲ့တာကြောင့် တော်သေးသည်
အရမ်းကြီးပင်းပန်တာမျိုး မဟုတ်ေပမယ့်တစ်နေကုန်ရပ်ထားရတဲ့ခြေထောက်တွေက တောင့်တင်းနေသည်။စရောက်ရောက်ချင်းဆိုတော့ အလွဲလေးတွေလည်းရှိသည် ။ဒါပေမဲ့ ဆိုင်ပိုင်ရှင်က သဘောကောင်းလို့သာ
ကျွန်တော် တစ်နေ့တာလုံးကို ဆိုင်မှာ အချိန်ဖြုန်းပြီးတဲ့နောက်Heartစောင့်နေမဲ့
အိမ်ကိုပဲ ပြန်လာခဲ့သည်။အရင်က သူ့အိမ်မှာ ကျွန်တော်လာမဲ့အချိန်ကို မျှော်နေတတ်တဲ့ပုံစံလေးအတိုင်း Heartက ကျွန်တော့်ကို အ၀တ်တွေခေါက်ရင်း မျှော်နေသည်။
လေးပင်တဲ့ ခြေလှမ်းတွေနဲ့ တံခါး၀ဆီကနေ ပြုံးပြလိုက်ပြီး Heartထိုင်နေတဲ့ ထိုင်ခုံဘေးမှာ ၀င်ထိုင်လိုက်သည်
//အရမ်း ပင်ပန်းသွားလား //
Heartက ကျွန်တော့်ကို အမူအရာပြပြီးမေးနေတော့တယ်
//နည်းနည်းပေါ့ //
ပြီးတာနဲ့Heartရဲ့ ပေါင်ပေါ် ခေါင်းကို လှဲလိုက်သည်။
//မင်းရော ကျောင်းတတ်ရတာ အဆင်ပြေလား //
Heartက ခေါင်းငြိမ့်ပြသည်။
ပြီးတော့ သူငယ်ချင်းတစ်ယောက်လည်းရခဲ့သည်တဲ့လေ//အဲ့ဒိ့သူငယ်ချင်းက ကောင်မလေးလား ကောင်လေးလား
ချောလား //ကျွန်တော်မေးလိုက်တော့
Heartက ရယ်နေပြီး မပြောပြဘူးဟုဆိုသည်။မပြောပြရကောင်းလားဆိုပြီးHeart ရဲ့ ပြားကပ်နေတဲ့ ဗိုက်လေးနဲ့ ခါးသွယ်သွယ်ကို ကလိထိုးလိုက်တော့ Heartက ရုန်းနေတယ်
ပြီးတော့ ပြောပြခဲ့သည် ။ကောင်မလေးတစ်ေယာက်တဲ့
သူ့ထက်အရပ်ပုပြီး လူမည်းမိန်းကလေးတစ်ယောက် ဖြစ်သည်တဲ့လေ ။