"ငါ့မမက သိပ်ကိုတော်ဝင်ဆန်တာ...နာမည်လေးက ကင်မ်ထယ်ဟီးတဲ့"
ယွန်းဂီကသူ့ဘာသာပြောပြီး သူ့ဘာသာရှက်ပြုံးပြုံးနေပြန်သည်။ဒါနဲ့ ဒီကောင်ပြောတဲ့နာမည်ကို ဘယ်မှာကြားဖူးနေတာပါလိမ့်?ယွန်းဂီလိုလူမျိုးက သဘောကျတဲ့ဆိုတော့
တော်ရုံတန်ရုံထဲကတော့မဟုတ်နိုင်။wait!!ငါသိတဲ့ကင်မ်ထယ်ဟီးများလား??
"ယွန်းဂီ...မင်းမမဆိုတာ...ငါထင်နေတဲ့တစ်ယောက်များလား"
နမ်ဂျွန့်အမေးကို မျက်ခုံးခပ်ဆဆပင့်ပြလိုက်ရင်း
"မင်းထင်နေတဲ့တစ်ယောက်ပဲသားကြီး...ငါလေ...မမကိုသိပ်သဘောကျတယ်"
ယွန်းဂီသဘောကျလည်းကျချင်စရာလေ။ကင်မ်ထယ်ဟီးဆိုတဲ့သူမက တောင်ကိုရီးယားကအလှမယ်တွေထက်ပင်ပိုလှတဲ့သူ။ပုရိသယောကျာ်းသားတိုင်း ပိုင်ဆိုင်ချင်ကြတဲ့ နတ်သမီး။ဒါပေမဲ့ အရမ်းလှတဲ့မမကတွဲဖက်တော့မရှိသေး။ဒါနဲ့ဒီကောင်က ဘယ်ကနေဘယ်လိုအခုမှ မမ၊မမဖြစ်သွားရတာပါလိမ့်?မတွေ့လိုက်ရတဲ့ တစ်ပတ်လောက်အတွင်းမှာတင် အချစ်ကိုတွေ့နေပြီဆိုတဲ့ယွန်းဂီကြောင့် သူ့ရဲ့ရွှေဦးနှောက်ပင် သိပ်အလုပ်မလုပ်ချင်တော့။
"မင်းကအခု...ဒီလိုဝတ်စားထားတာက...မမ့ဆီသွားမလို့ပေါ့"
"ဘယ်ကသာ...မမခိုင်းတာသွားလုပ်လာတာ"
"Oh...အဲ့လောက်တောင် အခြေအနေတွေကတိုးတက်နေပြီလား...လက်သွက်ချက်ကွာ"
နမ်ဂျွန့်စကားကြောင့် ယွန်းဂီမှာ ဘဝင်မြင့်သွားသလိုသွားတွေအကုန်ပေါ်အောင်ပြုံးနေတော့သည်။တစ်ဖက်ကနမ်ဂျွန်မှာတော့ ယွန်းဂီကိုကြည့်ကာ နည်းနည်းတော့အမြင်ကပ်ချင်နေလေပြီ။မမဆီက attention တွေအကုန်သူရထားပါတယ်ဆိုတဲ့ ကောင်လေးဂိုက်ဖမ်းနေတဲ့ယွန်းဂီပုံစံက နမ်ဂျွန့်မျက်လုံးထဲမှာတော့ ကန့်လန့်ကန့်လန့်ရယ်။ထိုပုံစံကြောင့်လည်း နမ်ဂျွန့်မှာသိချင်စိတ်တွေကတစ်ဖွားဖွား။
"ပြောပြပါဦး...ချစ်မိသွားတဲ့အကြောင်းပြချက်လေးကို"
နမ်ဂျွန့်စကားကြောင့် ခုံကိုခေါက်နေသောလက်ချောင်းတို့ကိုခဏရပ်ရင်း ထပ်ပြုံးမိပြန်သည်။မမကြောင့်နဲ့ အခုတလောအရမ်းတွေ ပြုံးဖြစ်နေပါရောလား?