"ဘာ!!!"
ထယ်ယောင်း ယွန်းဂီရဲ့ဖြစ်ပျက်နေတဲ့မျက်နှာကြီးကို
တစိမ့်စိမ့်ကြည့်နေရင်း အောက်နှုတ်ခမ်းကိုကိုက်ကာ
ဝမ်းသာနေသည်။ဘာကြောင့်မှန်းရယ်မသိ ယွန်းဂီကိုဒီလိုအနိုင်ကျင့်ရတိုင်းသူအရမ်းပျော်သည်။အရင်တုန်းကပျင်းဖို့ကောင်းခဲ့သလောက် မင်ယွန်းဂီဆိုတဲ့လူသားကသူ့နေ့ရက်တွေထဲဝင်လာပြီးကတည်းကစိုစိုပြေပြေလေးဖြစ်လာသည်။
အဲ့လူနဲ့တွေ့တိုင်း ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာတွေးရတာကိုကပင် သူအရမ်းကြိုက်တဲ့သင်ချာပုစ္ဆာတွေကိုဖြေရှင်းရသလိုပျော်လာသည်။"ခင်ဗျားနေရမယ့်အခန်းကိုမှတ်မိတယ်မလား
ကျွန်တော်စာသွားလုပ်တော့မယ် တစ်အိမ်လုံးကမီးတွေလိုက်ထွန်းလိုက်ဦးနော် ဒီညတော့ညစာကိုမှာပြီးပဲစားကြတာပေါ့""အင်း..အင်းပါ"
ထယ်ယောင်း ယွန်းဂီကို ပြုံးပြုံးလေးပြောနေပေမယ့်
ယွန်းဂီက သူ့ကိုထယ်ယောင်းရွဲ့ပြောနေမှန်းချက်ချင်းသိသည်။ယွန်းဂီကတော့ အခုတည်းကလက်မှိုင်ချနေပြီဖြစ်သည်။ကျန်တဲ့၄ရက်ကိုသူဘယ်လိုများသည်းခံရမလဲဆိုပြီး ခေါင်းမှာရှိသမျှဆံပင်မွှေးတွေဖြူတော့မတတ်
စဥ်းစားရင်းအထုပ်၂ထုပ်နဲ့သာ အိမ်အပေါက်ဝ၌ကျန်ခဲ့သည်။ထယ်ယောင်းကတော့ ပြုံးပြုံးပျော်ပျော်ပင်အပေါ်ထပ်ကသူ့အခန်းဆီသွားနှင့်ပြီဖြစ်သည်။"ဟူး....ငါဘယ်လိုများသည်းခံရမှာလဲ
မမကိုလက်လျော့လိုက်ရတော့မလား...အား...
မင်ယွန်းဂီ...မင်းရူးနေလား..အဲ့ဟာလေးကြောင့်
မမကိုလက်လျော့လိုက်ရင်မမနဲ့ဝေးသွားမှာပေါ့...မမက
ငါနဲ့ပဲတန်တာ...ဟိုဟာလေးကိုလုံးဝအရှုံးမပေးနဲ့...
မင်းလုပ်နိုင်ပါတယ် မင်ယွန်းဂီရာ..."ယွန်းဂီသူ့ဘာသာ တစ်ယောက်တည်းအားပေးစကားပြောရင်းလက်ကအထုပ်လေး၂ထုပ်ကိုဆွဲကာထယ်ယောင်းနေ့လည်ကပြထားတဲ့အခန်းထဲသို့တက်လာလိုက်သည်။အခန်းကဧည့်သည်တွေလာတိုင်းထားနေကျအခန်းလိုဖြစ်ပြီး
ပရိဘောဂတွေအိပ်ယာခင်းတွေကပါ အဖြူရောင်တွေချည်းဖြစ်သည်။ယွန်းဂီအထုပ်တွေချရင်း အိပ်ယာပေါ်ခဏလှဲလိုက်သည်။ညစာစားချိန်ပြန်တွေ့ရမယ့်ထယ်ယောင်းနဲ့မတွေ့ခင်လေးအားယူနေတာဖြစ်သည်။ပြီးတာနဲ့ရေချိုးလိုက်ပြီးလန်းဆန်းအောင်လုပ်လိုက်သည်။ယွန်းဂီမှာသူ့အိမ်မဟုတ်တဲ့အပြင် အသုံးအဆောင်တွေကအစ ရှေးခေတ်ဒီဇိုင်းတွေမို့ ကြောက်နေရပြန်သည်။ယွန်းဂီကရှေးခေတ်ပုံစံအဆောက်အအုံတွေတွေ့တာနဲ့ ထိုနေရာမှာသရဲရှိသည်ဟုကလေးဆန်ဆန်တွေးတတ်သူဖြစ်တာကြောင့် အခုထယ်ယောင်းအိမ်ကိုလည်းမသိစိတ်တစ်မျိုးသိစိတ်ကတစ်ဖုံနဲ့ ကြောက်လန့်နေတာဖြစ်သည်။
.
.
.
"နမ်ဂျွန်...အစ်ကိုတို့စကားပြောဖို့လိုနေပြီထင်တယ်"