"အဲ့လိုနဲ့ပဲ မင်းကမမခိုင်းတဲ့အတိုင်း...ယောက်ဖလေးဆီသွားနေရတာပေါ့"
"အဲ့လိုဖြစ်သွားတယ်ကွာ"
"ဒါနဲ့နေပါဦး...မင်းကမင်းယောက်ဖဆီသွားတာကို...ဘာလို့
ဒီလိုတွေဝတ်စားသွားတာလဲ"နမ်ဂျွန့်အမေးကို ယွန်းဂီကတော်တော်တုံးပါလား?ဆိုတဲ့
အကြည့်နဲ့ကြည့်ပြီး"ငါကမင်းဆီလာသလို ဝတ်စားသွားရင်...ငါ့ကိုဘယ်လိုမြင်မလဲ...first imflation ကအရေးကြီးတယ်လေကွာ"
ယွန်းဂီပြောလာတဲ့တစ်လွဲကြီးကြောင့် နမ်ဂျွန့်မျက်ခုံးတွေတွန့်ချိုးသွားကာ ယွန်းဂီပုခုံးကိုလှမ်းရိုက်တော့သည်။
"first impressionပါကွာ...သေချာပြန်ပြင်ပြော"
အား...နာလိုက်တာ။ဒါလေးမှားတာကို သေအောင်ရိုက်တဲ့ကောင်။englishစာလေးမှားတာနဲ့ လူ့ကိုအထင်သေးတဲ့မျက်လုံးကြီးနဲ့ကြည့်...ပြီးရင် english ပါမောက္ခကြီးလိုလိုmood ဝင်ပြီးလိုက်ပြင်တဲ့ကောင်၊ဘာကောင်မှန်းမသိဘူး။အရင်ဘဝတွေတုန်းကကိုလိုနီဖြစ်ခဲ့ပုံရတယ်။
"အေးပါကွာ...ဖက်စ်အင်ပရက်ရှင်!!...ရပြီလား"
"အား!!...တံတွေးတွေလာစင်တယ် သူတောင်းစားရဲ့...Fuck!!!"
နမ်ဂျွန့်ဆဲသံလေးက နားထောင်လို့သိပ်ကောင်း။သူ့အချစ်ဆုံးသူငယ်ချင်းဆိုလို့ နမ်ဂျွန်တစ်ယောက်တည်းရှိတာမို့
ပြောမနာဆိုမနာတွေဖြစ်ကြသည်။သူလည်းဆဲကိုယ်လည်းဆဲ။ယဥ်ကျေးနေစရာဘာသောက်ကြောင်းမှမရှိ။ဘော်ဒါတွေကြားမှာ ယဥ်ကျေးနေရင်အတုအယောင်ပင်။"မျက်နှာသွားသစ်လိုက်သားကြီးရာ...ငါသွားပြီ...ချစ်တယ်နော်သားကြီး"
နမ်ဂျွန့်လက်ထဲကကားသော့ကို ပြန်ဆွဲယူပြီးထတော့ လက်ခလယ်ထောင်ပြလာတဲ့သကောင့်သား။
မင်ယွန်းဂီကလည်း ငြိမ်ခံနေမယ်ထင်လား?ကားသော့ကိုပါးစပ်နဲ့ကိုက်ပြီး လက်နှစ်ဖက်လုံးနဲ့လက်ခလယ်ပြန်ထောင်ပြတော့ နမ်ဂျွန်ကဘေးနားမှာရှိတဲ့မဂ္ဂဇင်းနဲ့ကောက်ပေါက်လို့ မနည်းပြေးထွက်ပြီး ကားကိုမောင်းရသွားတာလေလိုပင်။အဲ့တော့မှ နမ်ဂျွန့်ရယ်သံလေးတွေ ပလုံစီအောင်ထွက်လာရတော့သည်။