အချိန်တွေကုန်လာလိုက်တာ ထယ်ယောင်းရဲ့ဒုတိယနှစ်
နောက်ဆုံးစာမေးပွဲတောင် အတော်ကပ်လာပြီဖြစ်သည်။
ဒီစာမေးပွဲပြီးရင် တက္ကသိုလ်က2လတောင်နားမှာမို့ ထယ်ယောင်းကပျော်ရွှင်ပြီးစာလည်းပိုကြိုးစာသည်။ထယ်ယောင်းအိပ်မက်က မမ့လိုနာမည်ကြီးဖက်ရှင်ဒီဇိုင်နာဖြစ်
အောင်လုပ်ပြီး မည်သူမဆိုဝတ်ဆင်နိုင်ပြီး စျေးအတော်အသင့်နှင့် သေသပ်လှပတဲ့ကိုယ်ပိုင်brandထုတ်လုပ်နိုင်ဖို့ဖြစ်သည်။ငယ်စဥ်ကရှေ့နေဖြစ်ချင်ခဲ့သောထယ်ယောင်းသည် အစ်မလက်ပေါ်တွင်သာကြီးပျင်းလာတာကြောင့် မုဆိုးနားနီးမုဆိုးဆိုသလို မမကြောင့်ပဲဖက်ရှင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေကမြစ်ဖျားခံလာတာဖြစ်သည်။အခုလည်း စာမေးပွဲဖြေခါနီးကိုယ်ပိုင်စာကြည့်ချိန်10ရက်ရတာကြောင့် ထယ်ယောင်းကော်ဖီတစ်ခွက်နှင့် ဝရန်တာတွင်ထိုင်ကာ ကျောင်းမှသင်ထားတာတွေအပြင် အင်တာနက်မှတစ်ခြားfashionနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကိုပါထပ်ဆောင်းလေ့လာနေသည်။
"ထယ်လေး...စာလုပ်ရတာပင်ပန်းနေပြီလား...ဒီမှာမမကထယ်လေးအတွက် စတော်ဘယ်ရီတွေယူလာပေးတယ်"
မမယူလာတဲ့စတော်ဘယ်ရီပန်းကန်ကြောင့် macbook ကိုကြည့်နေတဲ့ ထယ်ယောင်းမျက်လုံးလေးတွေအရောင်တောက်သွားသည်။
"ဝါး...မမကအကောင်းဆုံးပဲ...အဲ့ဒါကြောင့်...မမကိုချစ်တာ ...သိတယ်မလား"
"စတော်ဘယ်ရီကြောင့်ချစ်တာပေါ့ ထယ်လေးက"
"မမကလည်း...ကျွန်တော်ကမမ့ကိုအချစ်ဆုံးဆိုတာသိသားနဲ့"
"အမယ်လေး...စတာပါတော်...မမကလည်းထယ်လေးကိုအချစ်ဆုံးပါ"
တစ်ကယ်လည်း မမကသူ့ကိုအချစ်ဆုံးဖြစ်သည်။မောင်နှမ
နှစ်ယောက်တည်းသာရှိတော့တာမို့ မမကလည်းသူမရှိလို့မဖြစ်။သူကလည်းမမ မရှိလို့မဖြစ်ပါ။မမကသူ့အတွက်တော့
အစ်မတစ်ယောက်ဆိုတာထက် လစ်ဟာခဲ့တဲ့မိဘနှစ်ပါးလုံးကိုယ်စားရော အပေါင်းအသင်းဆိုတာပါ လုံးဝကိုမရှိတဲ့သူ့အတွက်သူငယ်ချင်းလိုပါ ခံစားရစေသူဖြစ်သည်။ဒါကြောင့်မို့ သူအချစ်ရဆုံးသူ့ရဲ့တစ်ဦးတည်းသောသွေးသားရင်းချာမမကို ဘာမဟုတ်တဲ့သူနဲ့တွေ့ပြီး အိမ်ထောင်ပြုသွားမှာကို သူကစိုးရိမ်လွန်းနေဖြစ်သည်။