Lavender ( 2 )

111 15 4
                                    

Unicode

" ငိုပါနဲ့ "

သူ့မျက်ရည်တွေကို သုတ်ပေးရင်း ထပ်မံ၍ငိုသံစွတ် ကာဆိုလာသော ၂နှစ်သားလေးကြောင့် Taevender မှာ မျက်ရည်တွေကို ကမြန်းကတန်းလက်ခုံဖြင့် သုတ်လိုက်ကာ ချက်ချင်းပင်..

" အင်း ဒီမှာမျက်ရည်တွေမရှိတော့ဘူး မငိုတော့ဘူးနော် "

Taevender လက်ကျန်မျက်ရည်စတွေကြားကနေ ရယ်ပြလိုက်လေတော့ သူ့ရဲ့ ၂နှစ်သားလေးက မျက်လုံးတလတ်လတ်နဲ့ မပီတပီလေးဆိုလာလေသည်..

" လှလှ "

" ချစ်ဖို့ကောင်းလိုက်တာ "

Taevender လည်း စကားတက်လွန်းသည့်၂နှစ်သားလေး၏ဆံပင်တွေကိုဖွကာ အသည်းယားမိလေသည်.. ထိုအခါ လက်ကလေးနှစ်ဖက်ဆန့်တန်းလာကာ သူ့အားချီခိုင်းလေသည်.. သူသည်လည်း ထွေးပွေ့ခွင့်ရချင်ခဲ့တာမို့ ဝမ်းသာမှုလှိုင်းကမြင့်တက်သွားလေသည်..

ထိုကြောင့်​ခဏလေးအတွင်းမှာပင် ၂နှစ်သားလေးက Taevender ၏လက်ပေါ်သို့ရောက်လာလေသည်..ထိုအခိုက်မှာသူ့ရင်ခွင်အတွင်းသို့ထွေးပွေ့ထားလိုက်ပြီး အသက်ကိုဝဝရှူလိုက်ကာ နှလုံးသားထိနွေးစေလိုက်လေသည်.. ဒီအငွေ့အသက်, ဒီဖြစ်တည်မှု နဲ့တင်သူ့ကမ္ဘာကြီးဟာပြန်လည်စိုပြေလို့လာလေသည်.သူသက်ပြင်းချနိုင်ခဲ့ပြီး သံသရာတစ်လျှောက်လုံးအတွက်အတောင့်တဆုံးဆန္ဒလေးတစ်ခုက ပြည့်ဝသွားခဲ့လေသည်..

သို့သော် ဘာမှမသိနားမလည်သေးတဲ့ ၂နှစ်သားလေးကတော့ သူ့လက်ပေါ်ရောက်လာတာနဲ့ သူပါးပြင်ဖြူဖြူတွေ သူ့နှုတ်ခမ်းတွေကိုဟိုထိဒီထိနှင့် စိတ်ဝင်စားနေလေသည်..

" လှလှ.. "

" ဗင်ဒါတွေ "

သူ့ရဲ့ခရမ်းရောင်စိုစို မျက်ဆံလေးကို မြင်တော့ မျက်လုံးများဝိုင်းစက်သွားကာ သဘောတကျဆိုလာလေသည်.." ဗင်ဒါ " ဆိုသည်မှာ မောင်က လာဗင်ဒါတွေကိုခေါ်လေ့ရှိသောနာမည်ဖြစ်လေသည်..အတိတ်စက်ဝန်းထဲက ချစ်စရာအမူအကျင့်လေးက ဒီအချိန်ကာလအထိကို စွဲမြဲစွာပါလာလေသည်.. ထိုသို့တွေးလျှင် သူ့ကိုကော မောင်မှတ်မိနေမလားဆိုတဲ့အတွေးမှိန်မှိန်လေးကို ရောင်ရမ်းကာတွေးမိလေသည်.. သို့သော်လည်းမမျှော်လင့်ရဲပေ ..ယခုတောင် မောင်သဘောတကျရှိလှသော ရင်းနှီးကျွမ်းဝင်ပြီးသား ခရမ်းရောင်မျက်ဝန်းအိမ်တို့ကိုမူ
ဆန်းဆန်းပြားပြားလေးအမြင်ဆန်းနေဟန်တူပါသည်.. သူသည်လည်း မထူးခြားနားပင်.. သူအမြဲချစ်စနိုးဖြစ်ခဲ့ရသည့် မောင့်ရဲ့မေးစေ့အောက်က မှဲ့လေး၏ မထင်မရှားအရာထင်လာသည့်ပုံရိပ်ကို အသဲတယားယားနဲ့ငေးနေမိတာမဟုတ်လား ။အဲ့ဒီမှဲ့နက်လေးက သူ့ကိုပျော်ဝင်စေသည့်အစိတ်အပိုင်းတစ်ခုဆိုလည်းမမှားပေ..ပြီးတော့ ရဲ​နေသည့်နှုတ်ခမ်းပါးပါးသေးသေးလေးတွေကနေ " ဗင်ဒါ " လို့ခေါ်လိုက်တိုင်း  မောင့်ကိုမြင်နေလျက်နဲ့ပိုပြီးလွမ်းမောလာလေသည်..၂နှစ်အရွယ်ကလေးတစ်ယောက်၏ ကြီးပြင်းလာမည့်ပုံရိပ်ကို သူကြိုတင်၍ရင်ခုန်လာလေသည်..
မောင့်ရဲ့ ချစ်စရာကောင်းတဲ့က​လေးဘဝလေးကနေ တဖြည်းဖြည်းကြီးပြင်းလာသည့်မြင်ကွင်းကို ဘေးကနေ သူကငေးမောရင်း အရိပ်တကြည့်ကြည့်စောင့်ရှောက်ခွင့်ရရင်ဘယ်လောက်ကောင်းလိုက်မလဲလေ..
ရက်ပေါင်း ရာချီ၍လွမ်းမောနေခဲ့ရ၍ ဖြစ်မည် သူသည် ဂဏမငြိမ်စွာနဲ့ အိန္ဒြေမရဖြစ်နေလေသည်.. သူ့အဖြစ်ကို သူပြုံးမိသွားပြီးနောက်တွင်တော့..

" Lavender Blossoms Around His Neck "Where stories live. Discover now