Lavender ( 9)

42 7 4
                                    

Unicode

Jeonranto နိုးတဝက်ဖြစ်နေသည့်အခြေအနေတွင် သူ့ကိုတစ်ယောက်ယောက် ကြည့်နေသလိုခံစားရ၍ မျက်လုံးကိုဖွင့်​ကြည့်လိုက်လေသည်။ထိုအခါ သူ့မျက်လုံးအရှေ့တွင်ပေါ်လာသည်က ဖြူဆွတ်ဆွတ်အရာတစ်ခု..မျက်ဆံခရမ်းရောင်နှင့် သူ့ကိုပြုံးပြလာသည်..

" အာ့! လန့်လိုက်တာ "

​ရုတ်တရက်ဆိုသလို အိပ်ခြေမူးတူမို့ လန့်သွားရလေသည် ။ ထိုအခါ ချက်ချင်းဆိုသလိုပင် မျက်စိရှေ့ကလူကိုသေချာကြည့်မိတော့ နောက်တစ်ခါမျက်လုံးပြူးရလေသည် 

" ဟ့ ခင်ဗျား ! " ​

" ခင်ဗျား !  ဘယ်လိုလုပ် " ​

Jeonranto မျက်လုံးတွေကိုပွတ်ကာ ထပ်ကြည့်ပြန်တော့လည်း အဲ့ဒီလူကပျောက်မသွား ။ ထို့ကြောင့် အိပ်ရာထဲမှ ကမန်းကတန်းထထိုင်လိုက်၍  မရင်းနှီးပါသောအခန်းပတ်ဝန်းကျင်ကို လည်ပြန်ကြည့်ပြီး ကုတင်ပေါ်မှဒေါကြီးမောကြီးဆင်းလိုက်ကာ

" ​မောင့် ! "

" ​ပြောစမ်း!  ခင်ဗျားကျုပ်ကို ဘာလုပ်လိုက်တာလဲ!  ကျုပ်ကို ဒီလိုထောင်ဖမ်းလို့ရမယ်ထင်နေလား ဟမ်! ကျုပ်လိုကောင်ကို ဒီလိုလုပ်ရဲတယ်ပေါ့ "

မောင်က ဘာကိုဒေါသထွက်နေမှန်းသူမသိရုတ်တရက်သူ့ပခုံးတို့ကို ဆွဲခါလှုပ်ရမ်းလာရင်း သောင်းကျန်းလာလေသည် ။ ထို့ကြောင့်

" ​နေ..နေပါအုံး မောင်ရဲ့ ။ငါမောင့်ကိုဘာမှမလုပ်ပါဘူး ။ ငါ့အိမ်ကိုမောင်ရောက်နေတယ်ဆိုတာက မနေ့ညက မောင်မူးနေတာကို မထင်မှတ်ဘဲလမ်းမှာတွေ့မိလို့ မောင့်အိမ်လည်းမသိတာနဲ့ ဒီကိုခေါ်ခဲ့လိုက်တာ "

" ​ယုတ္တိရှိအောင်ပြောစမ်းပါ ။ ကျုပ်က အရက်မူးပြီးလမ်းမှာ လျှောက်သွားနေမဲ့ကောင်လား " 

" အဲ့လိုတော့မဟုတ်​​ပေမဲ့ မနေ့ညက မောင်တကယ်အဲ့လိုဖြစ်ခဲ့တာ မောင်မမှတ်မိဘူးလား "

ထိုအခါမှ သူ့ပခုံးပေါ်ကမောင့်လက်တွေကငြိမ်ကျသွားကာ မျက်လုံးတွေထောင့်ကပ်၍အသည်းအသန်စဥ်းစားနေလေသည် ။ ခဏကြာမှ ' ကျစ် ' ခနဲစုတ်သပ်သံနှင့်အတူ သူ့ကိုဆောင့်တွန်းပစ်လိုက်ပြီး မျက်ခုံးကြောတွေကို လက်မနှင့်လက်ညိုးကိုသုံးလို့ဖိနှိပ်ထားလေသည် ။ 

" Lavender Blossoms Around His Neck "Where stories live. Discover now