Lavender ( 10 )

60 11 3
                                    

Unicode

Jeonranto ကျောင်းပြန်လာပြီးတော့ Game ကုမ္ပဏီတစ်ခုကနေဆက်သွယ်လာသည့်အတွက် သွားတွေ့ရလေသည် ။ ထိုအခါ အရင်လို Software ပိုင်းကိုအလုပ်အပ်သည်မဟုတ် Game Developmer အဖြစ်အလုပ်အပ်ချင်သည်ဟုပြောလာလေသည် ။ အစကတော့ အရင်အလုပ်တွေလည်းမပျက်သေးတာတချို့ရှိတဲ့အပြင် Game ပိုင်းနဲ့ပက်သတ်ပြီး လေ့လာဆဲမို့ တွေဝေသွားမိလေသည် ။ သို့သော် အလုပ်အပ်သူဘက်ကထပ်ပြောလာသည့် " ကိုရီးယားသမိုင်းကိုအခြေခံပြီး သူရဲကောင်းဇာတ်ကောင် " တွေကိုဖန်တီးချင်တယ်ဆိုတဲ့ အချက်ကြောင့် သူ့ရဲ့စိန်ခေါ်ချင်သည့်စိတ်ကတက်ကြွလာခဲ့လေသည် ။ ထို့ကြောင့် ဒီနှစ်ကုန်ပိုင်းလောက်ကို အကောင်အထည်ဖော်ဖို့ သူစာချုပ်ချုပ်ခဲ့လေသည် ။ ဘာဘဲဖြစ်ဖြစ် သူကလေ့လာရင် တက်မြှောက်လွယ်သည့်လူစားမျိုးမဟုတ်လား တစ်ခါလောက် လမ်းသစ်ကိုဖောက်ကြည့်ဖို့စိန်ခေါ်ကြည့်ချင်သည် ။အထူးသဖြင့် ကိုရီးယားသမိုင်းကိုပြန်ဖော်ကြူးပြီးအထူးပြုရမှာ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းလေသည် ။

ထိုကိစ္စပြီးမှ အိမ်ပြန်ရသည်မို့ ည၆ နာရီခွဲပင်ကျော်နေပြီဖြစ်သည် ။ထိုတွင်ရှုပ်ရှပ်ခက်နေသော လမ်းမကြီးကိုဖြတ်မောင်းလာခဲ့တုန်း ရေခဲသေတ္တာထဲတွင်
ဘာမှမရှိသည်ကိုသတိရသွားသည်မို့ mini mart တစ်ခုကိုဝင်လိုက်ကာ စျေးဝင်ဝယ်လိုက်လေသည် ။ အဓိကက သောက်စရာတွေနှင့် ခေါက်ဆွဲတချို့ရယ်ကြက်ဥတစ်ကဒ်ရယ်ဖြစ်သည် ။ Jeonranto က ခေါက်ဆွဲလောက်သာပြုတ်စားတတ်တာဖြစ်ပြီး ဟင်းတော့မချက်ဖြင့်ဘဲ ​အပြင်တွင်သာမှာစားတာများလေသည် ။ ထို့ကြောင့် ညစာပါအနီးနားကဆိုင်တစ်ခုတွင်ဝင်ဝယ်လိုက်လေသည် ။

တဖက်က Taevender နှင့် ကျောင်းသူလေးတစ်ယောက်မှာလည်း စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် စကားပြောလျက်ရှိနေလေသည်

" ဒီကြားထဲမျက်နှာမပြရဲတာနဲ့ ​Chae Yoon လည်း Taecher Tae ကိုမဆက်သွယ်ဖြစ်တာ ၊ အမှန်တော့ ChaeYoon တောင်းပန်ချင်ခဲ့တာကြာပါပြီ ဒါပေမဲ့ အစ်ကို BongJoon ရဲ့လုပ်ရပ်အပြင် ဖေဖေတို့ကပါ အနှောင့်အယှက်တွေပေးခဲ့တော့ မျက်နှာချင်းမဆိုင်ရဲဘဲ တောင်းပန်စကားပြောဖို့အချိန်လွန်သွားခဲ့တာပါ ။ ဒီကိစ္စက တောင်းပန်ရုံနဲ့လွယ်လွယ်ကျော်သွားလို့မရတာသိပါတယ် ဒါပေမဲ့ ဖြစ်ခဲ့သမျှကိစ္စတိုင်းအတွက် ဖေဖေနဲ့ အစ်ကို့ရဲ့ကိုယ်စား ChaeYoon ဘဲတောင်းပန်ပါရစေ ၊ နားလည်ပေးဖို့ ခွင့်လွှတ်ဖို့မဟုတ်ဘဲ ဒီတိုင်း ChaeYoon တောင်းပန်တာကိုလက်ခံပေးစေချင်တာပါ " 

You've reached the end of published parts.

⏰ Last updated: Jun 17 ⏰

Add this story to your Library to get notified about new parts!

" Lavender Blossoms Around His Neck "Where stories live. Discover now