Lavender ( 6)

106 11 7
                                    

Unicode

Yuina သည် အလုပ်ဆင်းချိန်၌ ကားပါကင်တွင်​တွေ့လိုက်ရသော ရင်းနှီးနေသည့်အနက်ရောင်ကားကြောင့်အံ့သြသွားရ​လေသည် ..ပိုပြီးအံ့သြရသည်က မျက်နှာသိပ်မကောင်းလှသည့် Seokbin oppa ကသူမ ,ကို​လာကြိုရင်း စကားခဏပြောရအောင်ဟုဆိုလာသောကြောင့်ဖြစ်လေသည် ။ SeokBin oppa၏ပုံစံက အရင်လို ကြည်ကြည်လင်လင်မဟုတ်ကာ ကိစ္စတစ်ခုခုရှိနေဟန်.. 
ထို့ကြောင့် သူမသည် oppa ၏အပြောကို အထွန့်တက်ကာ​ပြန်မမေးတော့ဘဲ ညနေစာအဆာပြေစားရင်းစကားပြောလို့ရစေမည့် သူမတို့ကုမ္ပဏီနားက ခေါက်ဆွဲအေးဆိုင်ကိုသာအတူခေါ်လာလိုက်လေသည်..ဤဆိုင်လေးသည် သူမကျောင်းသူဘဝထဲက SeokBin oppa နဲ့မကြာမကြာလာနေကျဖြစ်သည်မို့.. SeokBin oppa က သူမ ,စားနေကျများကိုသိ၍ ဦးဆောင်၍မှာပေးနေလေသည် ..ပြီးနောက် စားစရာများမရောက်လာခင်တွင် သူမကပင်စ၍ စကားစရလေသည်

" ​ကိုကို ပြောစရာရှိတယ်မဟုတ်လား " 

ထိုအခါ စတီးတူတွေကို တစ်ရှူးဖြင့်သုတ်​​နေသော Seokbin oppa က တစ်ခုခုကိုခပ်တွေးတွေးလုပ်နေရင်းမှ သူမကိုတည်တည်ကြည်ကြည်ပင်ကြည့်လာလေသည် 

" အခု ကိုယ်မေးမဲ့မေးခွန်းကို Yuina တစ်မျိုးတော့မထင်ပါနဲ့ ။ ကိုယ်စိတ်ရှင်းချင်လို့မေးရုံပါ " 

" ဟုတ် ကိုကို " 

Yuina ​စိတ်ထဲတစ်မျိုးဖြစ်လာကာ SeokBin oppa ၏စကားကိုမျက်လုံးပေကပ်ပေကပ်ဖြင့်ပြန်ကြည့်ကာ နာခံမိသည် 

" Yuina စိတ်ထဲ ကိုယ်နဲ့ Tae hyung ကို စိတ်ရှင်းရဲ့လား " 

" ဟို ...ကိုကို ဘာလို့မေးတာလဲဟင် " 

 " ​ဟိုနေ့က Yuina ရဲ့မောင်လေးနဲ့ ကိုယ် တွေ့ဖြစ်တယ် ..သူ့ဘက်ကနေ ကိုယ့်အပေါ်စိတ်မရှင်းဖြစ်နေတဲ့ပုံဘဲ.. အဲ့ဒါကြောင့် ကိုယ်က Yuina ရဲ့အမြင်ကိုမေးကြည့်တာပါ ။ အကယ်၍ Yuina လည်းစိတ်မရှင်းရင် ကိုယ့်ဘက်ကနေပြင်ဆင်သင့်ရင် ပြင်ဆင်ရအောင်ပါ ။ ဒီကိစ္စနဲ့ပက်သက်ပြီး ကိုယ်တို့အားလုံးစိတ်ရှင်းထားရင်ကောင်းမယ်.. မဟုတ်ရင် နှစ်ဖက်စလုံးအတွက်လည်းမကောင်းသလို ကိုယ်တို့ကြားကအထင်လွဲမှားမှုတွေကြောင့် ဘာမှမဆိုင်တဲ့ Tae hyung ကပါ သူများတွေရဲ့စကားလုံးတွေနဲ့ထိုးနှက်ခံရလိမ့်မယ် ..အဲ့ဒါကြောင့် ကိုယ့်ကိုစိတ်ထဲရှိတဲ့အတိုင်းသာပြောပါ Yuina " 

" Lavender Blossoms Around His Neck "Where stories live. Discover now