crush on you

3.1K 111 5
                                    

အောက်တိုဘာလ၁၈ရက်နေ့၂၀၁၈

ဒီနေ့ကငါ့ရဲ့ပထမဆုံးအပြင်မှာသူငယ်ချင်းတွေနဲ့လုပ်ရတဲ့မွေးနေ့။အသက်၁၇နှစ်မှာငါပထမဆုံးကော့တေးသောက်ဖူးတာပဲ။ငါကဖော်ရွေတဲ့လူတစ်ယောက်ပါ။ငါ့မွေးနေ့ကိုဆိုင်ကောင်းကောင်းတစ်ဆိုင်မှာလုပ်ဖြစ်တယ်။

အစကတော့prom, captionတို့အပါအ၀င်၁၂ယောက်လောက်လာကြပေမယ့်အဆုံးကျငါနဲ့winပဲကျန်ခဲ့တယ်။စူးစမ်းချင်လွန်းတဲ့winဟာအရသာပြင်းနေတဲ့ကော့တေးထဲအရက်ထည့်သောက်ပြီးမှောက်နေလေပြီ။

ငါကတော့ရှေ့ကပုစွန်ကိုအားရပါးရဖဲ့နေ၏။ဘာလို့ဆိုခုငါအရမ်းအားနေလို့လေ။ငါကwinလိုအများကြီးမသောက်ပါဘူး။ဒါပေမယ့်မူးနေတယ်။ရုတ်တရပ်သေးပေါက်ချင်လာလို့ငါပုစွန်ဖဲ့နေတဲ့ခရင်းကိုစိတ်ပျက်လက်ပျက်ချလိုက်တယ်။

ဘယ်သူသိမှာလဲအိမ်သာထဲမှာအချစ်ဦးကိုရှာတွေ့ခဲ့မယ်လို့။မသိရင်လည်းအခုသိရတော့မှာပဲဘာလို့ဆိုငါဒီလူကိုမြင်မြင်ချင်းကြိုက်သွားလို့လေ။

လက်ဆေးပြီးထွက်သွားဖို့လုပ်တဲ့ရုပ်ချောချောနဲ့ကောင်ဟာရပ်ကြည့်နေတဲ့ငါ့ကိုခက်ထန်သလိုကြည့်သွားသည်။ဘာလဲ။ဒီကောင်ရန်ဖြစ်ချင်တာလားဒါမဲ့လည်းကြိုက်တယ်။

ဒီလိုနဲ့ငါ့ရဲ့အသက်၁၇နှစ်မှာပထမဆုံးကော့တေးနဲ့အချစ်ဦးကိုတွေ့ဆုံခွင့်ရခဲ့တယ်။အဲ့နေ့ကဘယ်လောက်တောက်အချစ်မှာပျော်၀င်သွားလဲဆိုတော့ငါ့သူငယ်ချင်းwinကိုဆိုင်မှာတစ်ယောက်ထဲထားခဲ့မိတဲ့ထိပဲ။

သေချာတာပေါ့။မနက်ကျငါပယ်ပယ်နယ်နယ်ဆဲခံလိုက်ရပါတယ်။

______________________

June 6  2019

ကံတရားကငါ့ကိုမျက်နှာသာပေးခဲ့တာပဲ။ငါ့အိမ်သာထဲကအချစ်ဦးလေးကငါ့အခန်းဖော်ဖြစ်နေတယ်။မနှစ်ကတစ်နှစ်လုံးငါအချစ်နာကျပြီးစာဂျပိုးလုံးလုံးဖြစ်သွားခဲ့တာ။

ခုတော့ဒီ၁၀တန်းနှစ်မှာငါ့crushလေးနဲ့ငါအတန်းတူခဲ့ပြီ။ငါ့သူငယ်ချင်းwinကတော့တန်းခွဲbရောက်သွားတာစိတ်မကောင်းစရာ။တော်ပါသေးတယ်အဖော်အနေနဲ့fordကငါနဲ့အတန်းတူနေလို့။

first love (geminifourth ff✅)Where stories live. Discover now