Enchanted to meet you

1.4K 104 1
                                    

မင်းနဲ့တွေ့ဆုံခွင့်ရခဲ့တာသိပ်ကြည်နူးဖို့ကောင်းတယ်။အချိန်တွေတရစ်ရစ်ကုန်လာခဲ့ပြီးခုဆိုငါအသက်20တောင်ရှိလာပြီ။chulalongkornတက္ကသိုလ်မှာFaculty of layနဲ့ငါတက်ရောက်ခွင့်ရခဲ့တယ်

အင်းရုပ်ချောကောင်ကတော့ငါနဲ့တက္ကသိုလ်တူတူပါပဲ Bachelor of arts and sciences integrated innovation programနဲ့သူက၀င်ခွင့်ရခဲ့တာလေ။

ငါတို့နှစ်ယောက်ကအတူရှိနေခဲ့ပါတယ်။phi'soundနဲ့winက
တော့ဒီနွေမှာလက်ထက်ဖြစ်ကြတယ်။fordကတော့သူ့ရည်းစားmarkနဲ့အတူအမေရိကမှာအခြေချနေပြီ။

captionကတော့သူ့အဖေရဲ့ကုမ္ပဏီကိုဦးစီးရင်းသူ့ကောင်မလေးနဲ့သားဦးလေးတောင်ရနေပြီ။promကတော့သိတဲ့အတိုင်းပဲပြတိုက်တစ်ခုဖွင့်ပြီးခုထိလူပျိုကြီးလုပ်တုန်း။geminiရဲ့၀မ်းကွဲAunနဲ့တော့ဟိုလိုလိုဒီလိုလိုဖြစ်နေတယ်လို့ကြားပါတယ်။ဒါပေမယ့်ငါ့ကိစ္စမှမဟုတ်တာ။

မိုးအကုန်ဆောင်းရောက်နေပြီမလို့မနက်ပိုင်းမှာနှင်းဖွဲဖွဲလေးတွေကျနေလေသည်။အနွေးထည်အထူ၀တ်ထားပေမယ့်အသဲခိုက်မတတ်ချမ်းနေတုန်းပေ။

ဒါဟာခဏပါပဲ။ခပ်နွေးနွေးလက်တစ်စုံကငါ့လက်တွေကိုအုပ်မိုးလာတယ်။ဒီနှစ်အတွင်းမှာအရပ်ရှည်လာသည့်ကောင်ကိုငါမော့ကြည့်မိသည်။

"အေးနေပြီလား teerak~"

ငါခေါင်း‌ငြိမ့်ပြတော့geminiကသူ့အနွေးထည်အားဖွင့်ကာငါ့ကိုရင်ခွင်ထဲထည့်ထားလေသည်။ထိုကောင်ရဲ့teerakလို့ခေါ်တဲ့အသံကိုငါသိပ်သဘောကျသလိုကော်ဖီနံ့သင်းသင်းလေးဖြစ်နေတဲ့ကိုယ်သင်းနံ့လေးကိုလည်းသဘောကျသည်။
(Teerak-darling,dear or love)

ငါ့ကိုရင်ခွင်ထဲပွေ့ဖက်ထားရင်းgeminiကနဖူးလေးအားခပ်ဖွဖွနမ်းလာသည်။ငါနဲ့gemရဲ့အရပ်ကလုံး၀perfectပဲ။

"မင်းကနောက်ကျလိုက်တာ.."

"တောင်းပန်ပါတယ်နော် ကိုယ်ကားသွားထုတ်နေရလို့"

ငါနဲ့gemချစ်သူတွေဖြစ်တာ၂နှစ်လောက်ရှိပြီ။phi'soundရဲ့ကမ်းခြေခရီးစဉ်ကငါတို့ရဲ့ခံစားချက်တွေကိုဖွင့်ဟလာစေခဲ့တယ်။

ဒီနေ့တော့gemကသူ့မိဘတွေစီလိုက်တွေ့ဖို့ငါ့ကိုပြောတယ်။ငါကြောက်နေမိသည်ကအမှန်ပင်။ဒါပေမယ့်အဆင်ပြေသွားမှာပါဆိုတဲ့ရုပ်ချောကောင်ရဲ့အပြောကြောင့်ငါသဘောတူလိုက်သည်။

first love (geminifourth ff✅)Where stories live. Discover now