ငါ့နွေဦးကထင်သလောက်မဆိုးပါဘူး။ရုပ်ချောချောနဲ့ကောင်ကိုမေ့ပစ်ဖို့ငါ့သူငယ်ချင်းတွေကငါ့ကိုကမ်းခြေခေါ်လာပေမယ့်ပထမရက်မှာတင်သူနဲ့တွေရပြန်တယ်။
Phi'soundရဲ့မွေးနေ့ကညကျရင်ရောက်ပြီမလို့ငါတို့ထပ်နေဖို့ဖြစ်လာတယ်။ဒါကသိပ်စိတ်ညစ်ဖို့ကောင်းတယ်!
ငါgeminiနဲ့တွေ့မှာစိုးလို့ဘယ်သွားသွားငါ့နောက်ကိုသူငယ်ချင်းတစ်ယောက်မဟုတ်တစ်ယောက်ပါလာတယ်။ငါ့မှာပင်လယ်အလှကိုလည်းကောင်းကောင်းမရှုစားရဘူး။အနောက်ကကပ်ပါလာတတ်တဲ့ကောင်တွေကြောင့်ငါ့ကိုငါမင်းသားလေးလို့တောင်ထင်မိတယ်။
ခုလည်းကြည့်နေပူဆာလုံပြီးအုန်းရေလေးကောင်းကောင်းမသောက်ရဘူး။frodကဘေးမှာနေကာမျက်မှန်ကြီးနဲ့ရပ်နေတယ်။ထိုင်ပါလို့ပြောလည်းမရ။ထိုင်နေရင်geminiရောက်
လာမယ်ဆိုပဲ။ငါတားမရတဲ့အဆုံးအုန်းရေမြန်မြန်သောက်ပြီးဘန်ဂလိုကိုပြန်ဖို့လုပ်တယ်။ဒါလည်းမပြန်ရ။ငါ့ကိုfordကဆွဲပြန်တယ်။
"Ai frod!မင်းဘာဖြစ်ပြန်ပြီလဲဘန်ဂလိုကိုဒီလမ်းကပဲငါပြန်မှာရပြီလား?"
ထိုအခါfordကငါ့ခေါင်းကိုရိုက်လာသည်။ငါနာသွားတဲ့နေရာကိုပွတ်ရင်းfordကိုဘုဆက်ဆက်ကြည့်မိတယ်။
"မဟုတ်ဘူး ငါကဒီနားကပင်လယ်စာဆိုင်သွားမလို့!မင်းကိုလိုက်ဖို့ခေါ်မို့"
"အောင်း!!စောစောပြောပါလား"
ငါတို့အနည်းငယ်စကားများပြီးထိုဆိုင်ကိုသွားဖို့ဖြစ်လာတယ်။အကြောင်းရင်းကပုစွန်ထောင်းတအားကောင်းတယ်ဆိုတဲ့frodစကားကြောင့်။ငါနဲ့fordကပုစွန်ဆိုသိပ်ကြိုက်တာ။
Frodနဲ့လက်ချင်းချိတ်ပြီးငါတို့ပျော်ရွင်စွာဆိုင်ထဲ၀င်သွားကြတယ်။ဒါပေမယ့်ဒါကအမှားကြီးတစ်ခုပဲ!ရုပ်ချောကောင်ကကောင်မလေးတစ်ယောက်နဲ့ဝိုင်းမှာထိုင်နေတယ်။
သူ့ကြည့်ရတာလည်းအရမ်းပျော်နေတဲ့ပုံပဲ။ငါမျက်ရည်များပင်ဝဲလာသည်။ကောင်မလေးရှိတာသိပေမယ့်ကိုယ်တိုင်မြင်ရတော့လည်းငါခံစားချက်တွေမထိန်းချုပ်နိုင်ပြန်ဘူး။
YOU ARE READING
first love (geminifourth ff✅)
FanfictionFanfiction main character-fourth nattawat total chapter-5 ships-geminifourth၊soundwin hope you guys enjoy this💓