all my friends say let him go

939 100 4
                                    

ဒီနွေမှာငါမပျော်တော့ဘူး။ရုပ်ချောကောင်အတွက်လုပ်ထားတဲ့ချောကလက်cupcakeတွေကိုငါတစ်ယောက်ထဲထိုင်စားပစ်လိုက်တယ်။

တစ်နေ့လုံးကြေကွဲနေရလို့ငါ့မှာမျက်ရည်တောင်မကျန်တော့ဘူး။စာမေးပွဲကြီးပြီးသွားလို့တော်သေးသည်ပြောရမည်။ကျောင်းနှုတ်ဆက်ပွဲနေ့မှာလည်းငါမေထုန်ကိုမသိချင်ဟန်ဆောင်နေပေမယ့်ရင်ထဲမှာဘယ်လောက်ကြေကွဲနေလဲငါသာအသိဆုံး။

ပုံမှန်ထက်ငြိမ်နေတဲ့ငါ့ကိုသူငယ်ချင်းတွေကလည်းသတိထားမိပါတယ်။အကြောင်းအရင်းမသိသေးတဲ့နွားတွေကသွားပြီးဖွင့်ပြောခိုင်းနေတယ်။ငါကစည်းရှိတဲ့လူတစ်ယောက်ပါ။

သူ့မှာလည်းကောင်မလေးရှိနေပြီဆိုတဲ့အတွေးနဲ့ငါငိုချင်လာပြန်တယ်။ချက်ချင်းဆိုသလိုငါငိုမိတယ်။ငါ့သူငယ်ချင်းတွေကစိုးရိမ်သွားသည်။ဝိုင်းနှစ်သိမ့်ပေးပေမယ့်ငါမပျော်ပါ။

အကြောင်းရင်းမေးလဲငါမဖြေမိ။တွေးမိတိုင်းငိုနေရလို့ငါလည်းစိတ်ကုန်လှပြီ။ဒီလိုနဲ့ကျောင်းနောက်ဆုံးနေ့တောင်ရုပ်ချောချောနဲ့ကောင်ရဲ့မျက်နှာကိုမမြင်လိုက်ရဘူး

________________________

ငါညရောက်တော့လည်းအိပ်မပျော်ပြန်ဘူး။နာရီကြည့်တော့၇နာရီကျော်ပဲရှိသေးသည်။မေမေနဲ့ဖေဖေကအလုပ်နဲ့ခရီးသွားကြသည်မလို့၂ရက်လောက်တော့ကြာမည်။

အိမ်မှာငါတစ်ယောက်တည်း။ကြောက်ရမဲ့သရဲကလည်းမရှိတော့ငါ့မှာgeminiဆိုတဲ့အကောင်အကြောင်းတွေးပြီးပဲငိုရတော့တယ်။မနေနိုင်တဲ့အဆုံးwinကိုဖုန်းဆက်ပြီးငါ့ဆီလာဖို့ပြောလိုက်တယ်။

ငါခေါ်တာwinတစ်ယောက်ထဲပါဒါပေမယ့်prom, caption,fordတို့ကပါရောက်လာတာမို့ငါအံဩမိတယ်။ငါ့ကိုနှစ်သိမ့်ပေးဖို့လာတာပါဆိုလို့သာ။မဟုတ်ရင်ဒီကောင်တွေကိုအိမ်ထဲအ၀င်ခံမှာတောင်မဟုတ်။

အိမ်ရှင်ဖြစ်တဲ့ငါကပဲမုန့်နဲ့အချိုရည်တွေယူကာဆရာသမားတွေကိုဧည့်ခံပေးရတယ်။လာတာတော့နှစ်သိမ့်ဖို့တဲ့ရောက်တော့နွားတွေကငါ့တောင်မမြင်ပဲရှေ့ကမုန့်တွေကိုသာစားနေကြသည်။

first love (geminifourth ff✅)Where stories live. Discover now