i think I love you!

949 101 0
                                    

မျက်နှာကိုလာထိုးတဲ့နေရောင်ကြောင့်ငါအိပဲ့အိပဲ့နိုးလာတယ်။ရင်းနှီးတဲ့အခန်းတစ်ခုဒါသေချာပေါက်ငါ့အခန်းပဲ။မနေညကအရှိန်ကြောင့်ငါ့ခေါင်းတွေထိုးကိုက်နေတယ်။

Fourthဆိုတဲ့အော်သံဆူးဆူးနဲ့အတူwinကအခန်းထဲပြေး၀င်လာသည်။သူ့မျက်နှာမှာလည်းအလိုမကျမှုတွေနဲ့။ငါ့အင်္ကျီကိုအတင်းချွတ်ပြီးစစ်ဖို့ကြိုးစားနေတာကြောင့်ငါရုန်းပြီးအော်မိသည်။

"Ai fourth!!plamပြောတော့မနေ့ကမင်းဘန်ဂလိုပြန်မလာဘူးဆို!!"

ရုတ်တရပ်‌အော်ပြောတဲ့winကြောင့်ငါကြောင်မိတယ်။ဒီကောင်ဘာတွေပြောနေတာလဲ။plamကရောဘယ်သူလဲ။ထပ်ပြီးငါဘာမှမမှီလောက်အောင်စဉ်းစားရခက်သွားသည်။

"မင်းဘာတွေပြောနေတာလဲwinငါဘာမှနားမလည်ဘူး"

Winကငါ့ကိုဘုဆက်ဆက်ကြည့်လာတယ်။မနေ့ညကသူတို့ဝိုင်ထဲဆေးထည့်ပြီးငါ့ကိုplamနဲ့ညားအောင်ကူညီတဲ့အစီစဉ်ရောဘန်ဂလိုရှေ့ထိပို့ခဲ့တာရောပြောပြတော့ငါအတော်စိတ်ဆိုးသွားသည်။

"Win!!!ငါကခုမှ‌19တောင်ပြည့်သေးတာမဟုတ်ဘူးနော်!!"

"အေးငါမှားမှန်းသိတယ်!ဒါမဲ့အဲ့တာကမင်းကိုပြန်ပြောရမှာ၁၉မပြည့်သေးပဲနဲ့မင်းရင်ဘတ်ကအကွက်တွေကဘာလဲ"

ဟင်!ငါ့ရင်ဘတ်ကိုပြန်ငုံ့ကြည့်မိတော့ထူးဆန်းတဲ့အနီကွက်တွေကပြန့်ကျဲနေတယ်။တစ်ချို့ကိုခရမ်းရင့်ရောင်တောင်ပြောင်းနေပြီ။ဘုရားရေ!ငါဘယ်သူနဲ့ပေါက်ကရတွေလုပ်ခဲ့မိပါလိမ့်။

ရုတ်တရပ်မူးနောက်လာတဲ့ခေါင်းကြောင့်မနေ့ညကအကြောင်းရာတွေကိုငါတစ်ခုချင်းပြန်စဉ်းစားနေမိတယ်။မှတ်မိလာပြီ။

တစ်ခုစနှစ်ခုစပေါ်လာတဲ့မှတ်ဉာဏ်တွေကနေအဆုံးထိ!ငါထပ်လန့်စွာwinအမည်အားအော်မိသည်။ငါ့ကိုဘာလဲဆိုတဲ့အကြည့်ကြောင့်ငါတံတွေးတစ်ချက်မြိုချမိတယ်။

"ငါ..ငါgeminiကိုနမ်းခဲ့တာ!!"

"ဘာကွ!!"

Winကအများကြီးထိတ်လန့်သွားသည်။ထို့နောက်ငါ့ပခုံးများအားကိုင်ကာစေ့စေ့ကြည့်လာသည်။

first love (geminifourth ff✅)Where stories live. Discover now