part -14

735 12 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~
အပိုင်း-14

လက်ထပ်ပွဲလေးဟာ ဧည့်သည်မိတ်ဆွေတွေ အများကြီးလာကြသည်။
ကလးမရဲ့ သူငယ်ချင်းတွေတော့ အရင်တစ်နေ့တည်းက ကြိုရောက်နေကြသည်။
သို့ပေမယ့် သူမလေးပြုံးတာကိုတော့ ခုချိန်ထိမတွေ့ရသေးပေ။
သူကိုမြင်လျှင်လည်း မျက်စောင်းချည်းသာ ထိုးသွားတတ်သည်။ စေ့စေ့မကြည့်သလို
မမြင်ချင်ယောင်လည်း ဆောင်သွာယတတ်သည်။ တကယ်ကို နာကျင်ရသည်မှာ အမှန်ပင်။
ခွန်း အရဲစွန့်ကာ မိပ်ကပ်ပြင်သော အခန်းလေးထဲသို့ဝင်ကာ တစ်ခြားသူတေကို ထွက်ခိုင်းလိုက်သည်။ နှစ်ယောက်ထဲ သီးသန့်ပြောရန်သာ။

*ကလေးလေး*

*ခများ ဘာလာလုပ်တာလည်း*

*ကလေးလေး မျက်နာကြီးကိုဆူပုပ်မထားစမ်းနဲ့ကွာ*

*ဆူပုပ်တော့ဘာဖြစ်လည်း *

*အလျော့ပေးလွန်းလို့ ရောင့်တတ်နေတာလား ဟုတ်လား
တစ်နေ့တစ်နေ့ အကြီးကို အကြီးမှန်းလည်း မသိ ‌တော်တော်ရိုင်းနေ‌တယ်ပေါ့ ဟုတ်လား
စကားမများ နဲ့ သွားမယ် အပြင်ကို လာခဲ့*

ခွန စိတ်တိုတို နှင့် ထပ်အလျှော့ ပေးလို့ မရတော့သောကြောင့် ကြမ်းတမ်းပြနေရသည်။
ဆွဲစောင့်လာတော့လည်း ခန်းမထဲအထိ မျက်နာ က ဆူပုပ်နေတုန်းပင်။ တော်တော်ကိုအကျောတင်းတဲ့ကောင်မလေး။

*သတို့သား ဖြစ်သူ မောင်ထက်ဦးခွန်း ဗျ ဟောဒီက မ‌ဆောင်းတခေတ်ကို
အကြင်ဇနီးမယားအဖြစ် အသိမှတ်ပြုပါသလားခမျာ*

*ဟုတ်ကဲ့ ပြုပါတယ်ဗျ*

*သတို့သမီး ဖြစ်သူ မဆောင်းတခေတ် ဗျ ဟောဒီက မမောင်ထက်ဦးခွန်းကို
အကြင်လင်ယောကျာ်းအဖြစ် အသိမှတ်ပြုပါသလားခမျာ*

*ဟုတ်ကဲ့ ပြုပါတယ်*

ခွန်း ကောင်မလေးကို ချစ်လို့ အပိုင်သိမ်းချင်တယ် ဆိုပေမယ့် ဒိလို အေး‌စက်စက် အပြုမူတွေကိုတော့ မကြိုက်လှပါ။ ခွန်းရဲ့ နှလုံးသားကို တစ်စတစ်စ နာကျင်စေသည်မဟုတ်လား။

ည ပါတီ ခြံထဲတွင် လုပ်သော်လည်း ခုချိန်ထိ ကလေးမလေးနှင့် စကားပင် မပြောရသေးပေ။
ရွာထဲက ကောင်မလေးတွေကလည်း သူ့နားကပ်ပြီး ဘာတွေမေးနေကြလည်းမသိပေ။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now