part-10

840 15 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~
အပိုင်း-10

*လာကြ ဒီနားလေးက နည်းနည်း နက်တယ်
သတိထား ချော်လဲမယ်*

ပြောသာပြောနေတာ ခွန်းစက်ဝိုင်ရဲ့ မျက်လုံးတွေက ရွှေရည်ဆိုတဲ့ ကောင်မလေးဆီမှာသာ
ကပ်တွယ်နေသည်။ ဘေးက ခေတ်ကိုတောင်
လှတယ်လို့မမြင်တော့ပေ။ မျက်လုံးတွေများ
တယ်လည်းအလှမက်သကိုးးး။

ခွန်းကတော့ မသိချင်‌ယောင်ဆောင်ကာ ‌ကျောက်တုံးမှီပြီး မျက်လုံးမှိတ်ကာ ရေထဲ ထိုင်နေလေရဲ့။
ခေတ် အဲ့လူကြီးကို ခနခန ခိုးကြည့်နေမိသည်။
သူကတော့ သိပုံမပေါ်ပေ။

*ခေတ် လာလေ ပျော်စရာကြီး *
*အင်း ငါမှ ရေမကူးတတ်တာဟ နစ်မာကြောက်တယ် *
*နင်ကလည်း ခါးလောက်ဘဲရှိတာကို မနစ်ပါဘူးဟဲ့*

ခေတ် ဆက်မပြောတော့ဘဲ ကျောက်တုံးလေးကနေ တစ်ဆင့် ဖင်ချော ဆင်းချလိုက်သည်။
ခြေထောက် အောက်မှာ ထောက်လိုက်သည်နှင့်
ဒူးတွေက တုန်လာလေသည်။ ဒါကိုများ ရေတံခွန်က သွားချင်လိုက်သေး။

*အာ့.....ဗွမ်းး..*
*ဟယ် ခေတ် ဘာဖြစ်တာလည်း *

ရေထဲတွင် ပြတ်မထဘဲ မြုတ်လိုက် ပေါ်လိုက်ဖြစ်နေသော ကလေးမဆီကို ခွန်း ဘယ်လိုရောက်လို့ရောက်မှန်းမသိ ရောက်သွားလေသည်။
ကလေးမကို ပွေ့ချီလိုက်တော့ သိပ်ကြောက်နေသည်ထင်ပါရဲ့ မျက်နှာလေးမဲ့ကာ အတင်း ဖက်ထားလေသည်။

*ကလေးရယ် ကြောက်ရင်လည်း မဆင်းနဲ့လေကွာ*

ပြောပြီးမှ သွားပြီးဟု ကျွတ်သတ်ကာ ။
ဘေးကဟာတေကလည်း ပြူးပြဲကြည့်နေကြသည်။ သူတို့ကြည့်နေကာမှ ကျောက်တုန်းပေါ်
ဘုတ်ဆို ပြန်ချလိုက်ကာ ခတ်တည်တည် ပြန်နေလိုက်သည်။ ခွန်း ရင်ဘက်ထဲက နှလုံးသားလေးကတော့ တစ်ဖက်နယ်မြေထဲ ခုန်ဝင်တော့မည့် ပုံဖြင့် ခုန်ပေါက်နေတာများ ချွေးစီးတွေပါ ထွက်လာသည်။

*ညီငယ် မြန်မြန်ချိုး ကိုကြီး သွားပြီ
ပြီးတော့လည်း မင်းတို့ ရေတံခွန် သွားကြအုန်းမှာ မလား *
*ဟုတ်ကဲ့ကိုကြီး*

*ယေ့ ဟုတ်သားဘဲ မေ့နေတာ အမြန်ချိုးကြ ဟေ့ *
*အေ့ဟေ့ *

စက် ကုန်းပေါ်ပြန်တတ်ပြီး သဘတ် လေး ပတ်ထားကာ မသွားနိုင်သေးဘဲ အလွမ်းသယ်နေရသေးသည်။ အတော်ကြာကြည့်ပြီးမှသာ ပြန်သွားသည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now