part -4

942 18 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~
အပိုင်း-4

*အန်တီ သားပန်းကန်ထဲ ဟင်းတေပြည့်နေပြီ*
*အဟင်း သမီးလေး စားစေချင်လို့ပါကွယ် များများ စားနော်*
*ဟုတ်ကဲ့ အန်တီ*
*ဒါနဲ့ သမီးလေး ကိုယ့်ကိုယ်ကို သမီးလို့ ပြောကြည့်ပါလား*
*ဟီး သားလို့ဘဲပြောတတ်တယ် အန်တီ *
*ဟုတ်ပါပြီ ကွယ် များများစားနော် သမီးလေး ဖုန်းသုံးချင်ရင်
သမီးကိုကြီးဆီက ဖုန်းကဒ် တစ်ကဒ်တောင်းသုံးနော် *

ဖုန်းကဒ်ဆိုတာနဲ့ မျက်လုံးပြူးကာ ခေါင်းတဆတ်ဆတ် ငြိမ့်နေသော
ကောင်မလေးကို ကြည့်ကာ ခွန်း အော်ဂလီဆန်လာရသည်။
မေမေကလည်း အရေးတယူဆက်ဆံ နေသည်။ အခု ဖုန်းကဒ်ပါပေးရအုန်းမည် ဖြစ်သည်။

ခေတ် ဖုန်းကဒ်တောင်း ချင်ပေမယ့် အဲ့လူနဲ့က ခနခန စကားများထားရတာဆိုတော့ မျက်နာပူနေမိသည်။ သူငယ်ချင်းတွေဆီ ကိုလည်း ဆက်သွယ်ချင်နေသောကြောင့် မျက်နာငယ်လေးလုပ်ကာ သွားတောင်းရသည်။

အပေါ်ထပ်က ဝရံတာတွင် ဆေးလိပ်သောက်ကာ ကွန်ပျုတာ တစ်လုံးနှင့် အလုပ်ရှုပ်နေသော လူကြီး အနားသို့သွားကာ အသံတိုးတိုးလေးဖြင့်သာ ချော့မော့ပြောရန်။

*ဦးလေးကြီး *

တိုးလျှသော အသံလေးဖြင့် မျက်နာငယ်လေး လုပ်ကာ
လာပြောနေသောကြောင့် ခွန်း ရီချင်မိသည်။ သို့သော် ခပ်တည်တည်နေကာ....

*ပြော ဘာကိစ္စလည်း *
*ဟို ဟိုလေ အန်တီက ဖုန်းကဒ်ပေးလိုက်အုန်းတဲ့*
*အဟက် ဒါကျ မင်းအသံလေးက ဘယဖြစ်တာလည်း တိုးလျှလို့ပါလား လူနဲ့ မလိုက် လိုက်တာကွာ နဂိုတိုင်းဘဲပြော*
*ဟွန့် ပြီးရောလေ အန်တီက ဖုန်းကဒ် ကျွန်တော့ကို ပေးလိုက်အုန်းတဲ့*
*အိုခေ ရော့ ဘေလည်းရှိတယ် အကြိုက်သုံး *
*ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးလေးကြီး *

ဒီကလေးမ ကျေးဇူးတေဘာတေတင်လို့ပါလား မိုးများရွာတော့မာလားပေါ့။ဒီလိုကျတော့လည်း ချစ်ဖို့ကောင်းသား အဟက် ..။
အလုပ်ကို ပြန်၍ အာရုံစိုက်ရသည်။ နိုင်ငံခြားမှ အသိမိတ်ဆွေဖြစ်သူတွေက ခွန်းရဲ့ လိ‌မ္မော်ခင်း ကို အလည် လာရန် လှမ်းပြောထားကြသေးသည်။ ဘယ်နေ့ဆိုတာ အတိကျ မသိသေးပေမယ့် စိုက်ခင်းထဲက
ဓနိမိုးနဲ့ တဲလေးတွေကို သေချာပြုပြင်ရန် လိုအပ်တာတွေကို ရန်ကုန်မှ သူငယ်ချင်း ထက်လင်း ဆီကို လှမ်းမှာ နေရခြင်းပေ။
မနက်ဖြန်လည်း ပြည်ဦးလွင်ဘက်ကို သွားစရာ အလုပ်ကိစ္စရှိ‌သေးသည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now