part -7

840 11 0
                                    

ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~~
အပိုင်း-7

ခေတ် နိုးလာတော့ ခေါင်းတွေအတော်ကို ကိုက်နေသည်။ ဘယ်ကို ရောက်နေတာလည်း ခေတ်မသိပေမယ့် စားပွဲခုံပေါ်က မုန့်ဆီကို မျက်လုံးက ရောက်သွားလေသည်။ အကြည့်တွေ မခွာနိုင်တော့ဘဲ ယူကာအကုန်သာစားပစ်လိုက်သည်။
စားပြီးလို့ ဗိုက်လေး သပ်ချနေကာမှ စားပွဲပေါ်က စာရွက်ကို မြင်လေသည်။
စာရွက်ခေါက်လေး ဖြန့်ကြည့်လိုက်တော့
ဝိုင်းစက်နေသော လက်ရေးလေးကြောင့် ခေတ်ပြုံးမိသွားသည်။

....ကလေး ကောင်းကောင်းစားနော် ကိုယ်မစောင့်တော့ဘူး သွားနှင့်ပြီ ဟိုဘက် ဗီဒို ထဲမှာ ကလေးအတွက် အင်္ကျီရှိတယ် ရေချိုး ဝတ်ပြီး ခြံထဲလာခဲ့နော်......

ခေတ် သူပြောသလို အင်္ကျီလေး ဝတ်ဖို့ စဉ်းစားထားပေမယ့် တစ်ခါမှ မဝတ်ဖူးတဲ့ ဂါဝန်ကြီး ဖြစ်နေလေသည်။ ဟိုလူ အရွဲ့ တိုက်နေသလားပင် ထင်ရသည်။

ဗီဒိုထဲမှာရှိတဲ့ တစ်ခြား ယောကျာ်း လေးအဝတ်စားကိုသာ ခေတ်ရွေးဝတ်လိုက်လေသည်။ အင်္ကျီလက်က ရှည်နေပေမယ့် အခေါက်အကြီးကြီး ခေါက်ထားသည်။ ခေတ်က အရပ်ပုတော့ ပုပုလေးနှင့်
အဝတ်ပွပွဆိုတော့ လိုက်ဖက်မှု မရှိနေပေ။

ခွန်း ဧည့်သည်တွေနှင့် စကားပြောနေတုန်း
အဝေးမှ လာသော ကောင်မလေးကို ကြည့်ကာ
မျက်မှောင်တွေပင် ကျုံ့သွားရသည်။
ညီငယ် ဖြစ်သူကလည်း ဘယ်ချိန် ကတည်းက
ရောက်နေမှန်း မသိ စကားတပြောပြော နှင့် လာနေကြသည်။ နားရင်းသာ ပြေးအုပ်ချင်တော့သည်။

*ကိုကြီး*
*ပြော*
*ဟာ ကိုကြီးကလည်း လူကို သတ်တော့မယ့်အသံနဲ့ဗျာ*
*အေး သတ်ချင်နေတာ မင်းကို*
*ဗျာ*

ခွန်းစက်ဝိုင် ကြောက်ကြောက်နှင့်သာ ခေတ်လက်ကို ဆွဲပြီး ခေါ်သွားလေသည်။ ခွန်းကတော့ နောက်ကနေကြည့်ပြီး ဒေါသတေသာ ထွက်နေရသည်။
တယ်လည်း မလွယ်ပါလား.......

*စက် နင်ဘယ်သွားမလို့လည်း
ငါ့လက်ကို လွှတ်တော့ *
*လွှတ်ပါမယ်ဟာ နင်ကလည်း ဒါနဲ့
ကိုကြီး ဘာတွေ စိတ်တိုနေတာလည်း သိလား*
*မသိဘူးလေ သူ့လိုက်ကြည့်နေတာမှ မဟုတ်တာ*
*အဲ့တာ ထားတော့ ဟိုးနားမှာ ရေတံခွန်ရှိတယ်
အဲ့နားမှာ လူတွေလည်း များကြီးရှိတယ် လာလည်ကြတာလေ*

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now