ခေါက်ဆွဲကြော်ဆိုင်ကအပြန် မြို့ထဲလမ်းပတ်လျှောက်နေလိုက်သည်။
"ကိုဘနိုင်ပြန်မယ်လေ တော်ကြာနေဝင်တော့မှာမမှောင်ခင်ပြန်ရအောင်"
ဘာမှပြန်မပြောပဲမသိချင်ယောင်ဆောင်နေတဲ့သူ့ကြောင့်သက်ထားထပ်ခေါ်မိသည်။
"ကိုဘနိုင် ဟေ့ ဘာဖြစ်ပြန်တာတုန်းသက်ထားရှင်းပြပြီးပြီလေ.."
ဟုတ်သည်သက်ထားသူ့ကိုအကြောင်းဆုံအမှန်တိုင်းရှင်းပြပြီးဖြစ်သည်။ အိမ်ကထွက်လာပြီးဒီရွာကိုလာနေရတဲ့အကြောင်း စောနကကျက်သရေယုတ်အကောင်နဲ့ ဘယ်လိုပတ်သတ်မှုရှိကြောင်းကိုသက်ထားရှင်းပြထားသည်။
သက်ထားနှင့်ဟိုကျက်သရေယုတ်ရဲ့ ပတ်သတ်မှုကိုသူကြားကြားပြီးချင်း သက်ထားကိုစိတ်မချတော့တာအမှန်ပါ မြို့ပြန်တာနဲ့ သက်ထားမိခင်ကအတင်းပေးစားတော့မည့်ပုံပင်။
မဖြစ်ဘူး သက်ထားကိုအမြန်လက်ထက်မယ် ဒီရွာကဘယ်မှပေးမသွားနိုင်ဘူး။"ဟာ...ရှင်နော် ဘာဖြစ်ပြန်တာတုန်းလို့"
"ကိုဘနိုင်.."သက်ထားစိတ်မရှည်ပဲစူဆောင့်ဆာင့်လေးခေါ်လိုက်သည်။
"ဟမ်.....ကိုဘနိုင်ကဘယ်သူလဲဒီနားမှာမရှိပါဘူး"
သူ့ကိုခေါ်တာကိုမသိဟန်ဆောင်ပြီး ခေါင်းလေးယိမ်းပြီးဟိုရှာဒီရှာလုပ်နေတဲ့ပုံကအသည်းယားစရာ။
သက်ထား နောက်ဆုံးတစ်ခေါက် စိတ်ရှည်ရှည်ထားပြီး.....
"မောင်....""ဗျာ......"
ဟောသိပါပြီအကြောင်းအရင်း သူ့ကို မောင်လို့မခေါ်ပဲဘနိုင်လို့ခေါ်လို့ မသိချင်ယောင်ဆောင်နေတာကို...။တက်လဲတက်နိုင်တဲ့လူကိုသက်ထားမျက်စောင်းလေးထိုးမိလိုက်ရင်း။
"ပြန်မယ်လို့ မှောင်တော့မယ် တော်ကြာရွာကလူတွေတစ်မျိုးထင်နေအုန်းမယ်"
"တစ်မျိုးမထင်အောင် မောင်တို့လက်ထက်ကြမလား"
"ဟမ်"
"အဟင်း မောင်ပြောတာက သက်ထားကိုအခုတောင်လာကြောင်ချင်တဲ့ကောင်ကခပ်များများရယ် အာ့တော့ ကိုယ့်အပိုင်ဖြစ်ထားမှကိုယ်စိတ်ချနိုင်မှာပေါ့သက်ထားရဲ့"
YOU ARE READING
မောင့်အပိုင်သက်ထား
Romantik"ချစ်တယ် အရူးအမူးချစ်တယ် အသေအလဲချစ်တယ် ဘယ်သူနဲ့မှမတူအောင်ချစ်တယ် ဒါတွေကိုသက်ထားသိလား" *ရာဇာဘနိုင်* ~~~~~~~~~~~~ "အို....ဘနိုင် ရှင်သူကြီးဆိုပြီးစကားကိုဘုကလန့်နဲ့မပြောနဲ့လူ့ဂွစာကောင်ရဲ့" *သက်ထားကလျာ* ~~~~~~~~~~~~ "အဲ့ဒီလူ့ဂွစာကောင်ကသက်ထားလေးရဲ့လင်တ...