ဘနိုင်အိမ်အရောက်ကြီးသက်က
"သမီး လာဒီအခန်းထဲမှာ" ဟုပြောပြီးအရှေကလမ်းပြ၀င်သွားသည့်ကြီးသက်နောက်သက်ထားလိုက်သွားမိသည်။"ဟဲ့သား သက်ထားလေးရောက်နေပြီ " ဟိုဘက်စောင်းအိပ်နေတဲ့သားဖြစ်သူကြောင့်အသာလက်တို့ပြီးနှိုးလိုက်၍ကုန်းရုန်းထလာသည်။
"ဟင် သက်ထားရောက်ပြီလား"
"အေ ဟိုမှာ"
အခန်းရဲ့ကျွန်းဘီဒိုထောင့်လေးမှာမတ်တတ်ရပ်နေသည့်သူ့သက်ထားလေး။မတွေ့တာကြာတဲ့မျက်နှာလေးက အလှတွေတိုးလာလိုက်တာ။သူစိတ်မချလို့ အခုချက်ချင်းရွာထဲဆင်းပြီးသူ့အပိုင်လို့သာကြေညာလိုက်ချင်တာ။ဒါမဲ့သူစိတ်ကောက်ရမယ်...မာတာမိခင်ကျေးဇူးရှင်ကရိုးရိုးမှချစ်မလာရင်သနားချစ်ချစ်အောင်လုပ်ဆို၍ အခုလိုပေတေပြီး ကြိုးစားပန်းစား အရက်သောက်နေမကောင်းဖြစ်အောင်လုပ်ပြီး သက်ထားသူ့အပေါ်သနားစိတ်ဖြစ်အောင် လုပ်ရမည်။
"အော် နေ့လည်တောင်ရောက်တော့မယ် သားစားဖို့အမေဆန်ပြုတ်လေး ပြုတ်ပေးမယ်နော်"
အေးသွင်လာပို့တဲ့ထမင်းတွေတော့ရှိပေမဲ့ ဖျားနေသူမို့အဖျားပိုတက်လာမှာစိုး၍ဆန်ပြုတ်ပြုတ်ဖို့သာပြင်လိုက်ပြီးဒေါ်သက် အခန်းပြင်ကိုထွက်သွားလိုက်သည်။
ယခုအခန်းထဲတွင်သက်ထားနှင့်ဘနိုင်နှစ်ယောက်သာကျန်ခဲ့၍ သက်ထားကဘနိုင်ငုတ်တုတ်ထိုင်နေသည့်ကုတင်နားအသာလျှောက်သွားလိုက်ပြီး
"ကိုဘနိုင် အရက်တွေသောက်တယ်ဆို"
"သက်ထားမှ ကျုပ်ကိုပြန်မချစ်ပဲ"
ဟုဆိုပြီးပြတင်းပေါက်ဘက်ကိုမျက်နှာငယ်လေးနဲ့ လှည့်သွားတာက အကယ်ဒမီဆုရှင်များလားဟုတောင်ထင်ရသည်။တက်လဲတက်နိုင်ပါလား။"အို...မဆိုင်တာ"
"ဆိုင်တယ်လေ အရက်သောက်ရင်အကုန်မေ့တယ် အာ့ကြောင့်ကျုပ်နာကျင်ရတာတွေမေ့ချင်လို့အရက်သောက်တာ "
"အာ့တော့ မေ့သွားသလားကိုဘနိုင်"
"မမေ့ဘူး ပိုတောင်သတိရမိသေးတယ်"
"ဒါနဲ့များ ဘာလို့သောက်သလဲကိုဘနိုင်ရယ် အခုကြည့်နေမကောင်းဖြစ်ပြီမဟုတ်လား လူကိုတမင်စိတ်ပူအောင်"
YOU ARE READING
မောင့်အပိုင်သက်ထား
Romance"ချစ်တယ် အရူးအမူးချစ်တယ် အသေအလဲချစ်တယ် ဘယ်သူနဲ့မှမတူအောင်ချစ်တယ် ဒါတွေကိုသက်ထားသိလား" *ရာဇာဘနိုင်* ~~~~~~~~~~~~ "အို....ဘနိုင် ရှင်သူကြီးဆိုပြီးစကားကိုဘုကလန့်နဲ့မပြောနဲ့လူ့ဂွစာကောင်ရဲ့" *သက်ထားကလျာ* ~~~~~~~~~~~~ "အဲ့ဒီလူ့ဂွစာကောင်ကသက်ထားလေးရဲ့လင်တ...