ဆရာ၀န်၏အနားမှာလူနာစောင့်ရှိမှရမယ်ဆိုသောစကားကြောင့် သက်ထားဘနိုင်ဘေးမှာနေပြီးသူ့ဝေယာဝစ္စတွေလုပ်ဖို့အကြောင်းဖန်လာခဲ့သည်။ကြီးကြီးသက်လုပ်ပေးရင်ရပေမဲ့ ကြီးကြီးသက်ကပါအရေးကြီးဆိုပြီးခရီးထွက်သွားရသည်။ထို့ကြောင့်ဘနိုင်ရှိတဲ့ဆေးရုံကိုမနက်ဆိုသွားညနေဆိုအိမ်ပြန်နှင့်တစ်ရက်တာကိုဖြတ်သန်းဖို့ဖြစ်လာသည်။
"သက်ထားရေ မောင့်ဆီလာပါအုန်း ရေဆာလို့"
သက်ထားဆေးရုံကုတင်ဘေးကစင်မှာတင်ထားတဲ့ရေဘူးကိုဖွင့်ခွက်နဲ့ထည့်ပြီးတိုက်လိုက်သည်။
"တော်ပြီလား သောက်အုန်းမလားကိုဘနိုင်"
"တော်ပြီသက်ထား"
"အွန်း ပြီးရော"
ရေကိုတယုတတိုက်ပေးသည့်ချစ်ရသူလေးကြောင့်ဘနိုင်မျက်နှာမှာအပြုံးကအထင်သား။ ဒီလိုဂရုစိုက်မှုတွေလိုချင်လို့ တမင်ဆရာ၀န်ကိုပြော ငွေပုံပေးပြီး အရေးပေါ်လူနာလိုလိုဘာလိုလိုနဲ့ဆေးရုံမှာအခန်းယူပြီးနေနေလိုက်သည်။ အိမ်မှာနားမယ်ဆိုရင်သက်ထားကလာမှာမဟုတ်ထို့ကြောင့်ဆေးရုံကိုပဲသူရွေးလိုက်ခြင်းဖြစ်သည်။"သက်ထားရေ"
"ဟင် ပြော"
"မောင့်ကိုလေ.."
"ကိုဘနိုင် ရှင့်ကိုရှင်မောင်လို့မပြောနဲ့လို့ကျမပြောထားတယ်လေ"
"ဘာလို့လဲသက်ထားကလဲ လှပါတယ် မောင့်သက်ထားလေးကလဲ"
ဗိုက်မှာသာဒဏ်ရာရနေတာ မျက်နှာကစပ်ဖြီးဖြီးဖြစ်နေတဲ့သူ့ကိုသက်ထားမျက်စောင်းလေးပစ်ထိုးလိုက်သည်။ *ရုပ်ကိုကဟိုနေ့ကဓားပြတွေကိုဆဲပြီးကြိမ်းမောင်းနေတဲ့ရုပ်နဲ့များကွာပါ့*
"အဟက် အာ့လိုမကြည့်နဲ့..သက်ထားရဲ့"
"ကြည့်တော့ဘာဖြစ်တုန်း"
"ကြည့်တော့ဖက်နမ်းချင်တာပေါ့ဗျ"
"အို.."
သူ့အပြောကြောင့်မျက်နှာလေးပန်းရောင်သန်းသွားသောသက်ထားကိုကြည့်ပြီးသူသဘောကျစွာရယ်လိုက်သည်။"မောင့် သက်ထားရှက်တာလေးကချစ်စရာလေး အဟက် အော်..ချစ်စရာဆိုမှ...."
သက်ထားကိုစိုက်ကြည့်လာသောသူ့ကြောင့်ဘာလဲဆိုသည့်သဘောဖြင့်မျက်ခုံးပင့်ပြလိုက်သည်။
YOU ARE READING
မောင့်အပိုင်သက်ထား
Romance"ချစ်တယ် အရူးအမူးချစ်တယ် အသေအလဲချစ်တယ် ဘယ်သူနဲ့မှမတူအောင်ချစ်တယ် ဒါတွေကိုသက်ထားသိလား" *ရာဇာဘနိုင်* ~~~~~~~~~~~~ "အို....ဘနိုင် ရှင်သူကြီးဆိုပြီးစကားကိုဘုကလန့်နဲ့မပြောနဲ့လူ့ဂွစာကောင်ရဲ့" *သက်ထားကလျာ* ~~~~~~~~~~~~ "အဲ့ဒီလူ့ဂွစာကောင်ကသက်ထားလေးရဲ့လင်တ...