"သက်ထားရေ မောင်လာတယ်..." မနက်စောစောခြံမှာအာပြဲကြီးနဲ့လာအော်တဲ့ရာဇာဘနိုင်ကြောင့်ဘေးခြံတွေကပါဟိုကြည့်ဒီကြည့် ကြည့်နေကြသည်။
"ဟဲ့ သူကြီးနဲ့မြို့သူဧည့်သည်နဲ့က သမီးရည်းစားတွေ ဖြစ်သွားပြီလာတော့်"
"အေ ဟုတ်ပုံရတယ် သူကြီးပြောတဲ့ပုံကလဲ သူ့ကိုသူမောင်ဆိုတော့ အဟေး ကျုပ်တို့သူကြီးတော့စွန်ပြီထင်တယ်ဗျို့" သက်ထားတို့ရဲ့ ဘေးခြံက အပျိုကြီးညီအမနှစ်ယောက်ဖြစ်တဲ့ဒေါ်ဘုတ်ခင် နှင့် ဒေါ်စာခင်တို့က နောက်ပိုင်းကစကားလေးကို မကြားတကြားအော်ပြောလိုက်သည်။
ဒါကိုကြားသော ရာဇာဘနိုင်က သက်ထားနှင့်တွေ့ရင် သေသပ်ခန့်ညားစေဖို့မနက်ထဲကပြင်ဆင်ကာ၀တ်လာတဲ့ပုဆိုးကိုတိုတို ပြင်၀တ်လိုက်ပြီး... ထိုညီအမနှစ်ယောက်ဘက်လှည့်ပြီး..."ကဲ....ခင်များတို့တိုးတိုးနေကြပါဗျာ ဒီမှာကျုပ်ချစ်သူက အရှက်ကကြီးရကြီးနဲ့ ခင်များတို့အာပြဲကြီးနဲ့ အော်တော့ ဟိုကရှက်ပြီးထွက် မလာတော့ဘူး တကယ်ထဲမှပဲ...."
ဘနိုင်စောင့်ကြီးအောင့်ကြီးပြောပြီး သက်ထားအိမ်ထဲကို၀င်သွားလိုက်သည်။
"အို...ရှင်ဘာလို့၀င်လာတာလဲ ဟိုမှာပတ်၀န်းကျင်ကစောင်းမြောင်းပြောနေတာတောင်" သူထင်တဲ့အတိုင်း ရှက်၍ အိမ်တံခါး၀လေးကိုကွယ်ပြီး ရပ်နေတဲ့ချစ်ရတဲ့သက်ထားလေးကိုတွေ့ လိုက်သည်။ ရှက်နေတာလေးကိုက ဆွဲကိုင်လှုပ်ပစ်ချင်စရာလေးအတိ။
"အော်ဗျာ.....မကောင်းတာပြောတာမှမဟုတ်တာ ပြီးတော့တကယ်လဲကျုပ်တို့ကသမီးရည်းစားတေပဲဟာ မဟုတ်ဘူးလားသက်ထားရဲ့... ကဲ ပါလာထိုင်ပါအုန်း"
သူမျအိမ်ထဲ၀င်လာပြီးသူ့အိမ်သူ့ယာလို နေရာထိုင်ခင်းတွေပေးနေတဲ့ကိုတတ်ပကို မျက်စောင်းလေးပစ်မိရင်း...."ဒါ...ကျွန်မနေတဲ့အိမ်ပါ ရှင်ဟိုထိုင်ဒီထိုင်ပြောစရာမလိုပါဘူး" ဟုပြောပြီးတမင် သူထိုင်ခိုင်းသည့်နေရာမှာမထိုင်ပဲသူနှင့်ဝေးဝေးမှာသွားထိုင်လိုက်သည်။
"အော်....မောင့်သက်ထားကမောင်နဲ့ခွာပြီးနေနေတယ်ပေါ့ ရတယ် ရတယ်မောင်လာခဲ့မယ်.."
YOU ARE READING
မောင့်အပိုင်သက်ထား
Romance"ချစ်တယ် အရူးအမူးချစ်တယ် အသေအလဲချစ်တယ် ဘယ်သူနဲ့မှမတူအောင်ချစ်တယ် ဒါတွေကိုသက်ထားသိလား" *ရာဇာဘနိုင်* ~~~~~~~~~~~~ "အို....ဘနိုင် ရှင်သူကြီးဆိုပြီးစကားကိုဘုကလန့်နဲ့မပြောနဲ့လူ့ဂွစာကောင်ရဲ့" *သက်ထားကလျာ* ~~~~~~~~~~~~ "အဲ့ဒီလူ့ဂွစာကောင်ကသက်ထားလေးရဲ့လင်တ...