ကျနော် သွားတော့မယ် ဟအို ~
ပူနွေးနွေးခံစားချက်က မျက်နှာတစ်ပြင်လုံးခံစားလာရတာမို့ သူ့ပါးမို့တွေနီးစွေးနေပြီဆိုတာ သေချာလွန်းလှသည် ဟန်ဘင်း မျက်နှာကို အလိုအလျောက်ငုံ့ထားမိရင်း ရှောင်ထွက်လာဖို့သာ စိတ်လောရတော့သည်
နှုတ်ဆက်စကားပြောရင်း လှည့်အထွက် ဟန်ဘင်း ညာဘက်လက်မှာ ဟအိုရဲ့ လက်တစ်ဖက်လှုပ်ရှားမှုကြောင့် လေထဲတွင်ရပ်တန့်နေကာ နွေးထွေးမှုတို့လွှမ်းခြုံသွားတာမို့ ဟန်ဘင်းခြေလှမ်းများမှာလဲ မတတ်သာဘဲ ရပ်တန့်လိုက်ရတော့သည်
~ ဒီတိုင်းထွက်ပြေးတော့မလို့လား ဘင်း ကိုယ့်ကို အဖြေတစ်ခုခုတော့ပြောခဲ့ဦးမှပေါ့ ကလေးရဲ့ ~
ပြုံးစစ မျက်နှာနဲ့အတူ ဟအိုပြောလာသည်
~ ဒါက ရုတ်တရက်ကြီးလေ ဟအို ကျနော့်ကို လန့်ပြီးသေစေချင်လို့လား အခု ကျနော်အိမ်ပြန်ချင်တယ် လက်ကိုလွတ်ပေးပါတော့ ~
ဟန်ဘင်းရဲ့ တောင်းပန်တိုးလျှိုးသံသည် ဟအိုအတွက်အားဆေးတစ်ဖုံလိုမျိူးဖြစ်သွားပုံရလေသည်
~ အိမ်ပြန်ချင်ရင် အခုပြန်ကြတာပေါ့ လက်ကတော့ မလွှတ်ပေးချင်သေးဘူး ဘင်းနား လာ သွားစို့ ~
ဟန်ဘင်းတစ်ယောက် ဟအိုဆွဲခေါ်ရာနောက် တအိအိနဲ့ပါသွားရလေသည် ပါးမို့နှစ်ဖက်မှာလဲ ခရမ်းချဥ်သီးတောင် အရှုံးပေးရတော့မည့်အတိုင်းပင်
ဟန်ဘင်းအိမ်ရှေ့သို့ ရောက်တာနဲ့ ဟန်ဘင်းလက်ကို နမြောတသစွာ လွှတ်ပေးရင်း ဟအိုပြောလာခဲ့သည့် စကားကြောင့် ဆောင်းဟန်ဘင်းတို့ အငွေ့ပင်ပျံချင်လာသလိုပင်
သူဒီလိုနဲ့ နှလုံးရောဂါရတော့မည်လားမသိပါ
ဟအိုပြောခဲ့တာက
~ ဆောင်းဟန်ဘင်း ဆိုတဲ့ ကြယ်ကလေးကိုပဲ ကျန်းဟအို ဆိုတဲ့ကောင်းကင်မှာထာဝရချိတ်ဆွဲထားချင်တာမို့ ကိုယ့်တစ်ယောက်ထဲကိုပဲ ကြည့်ပေးမယ်မလား ဘင်း ~
ဟန်ဘင်းသိခဲ့တဲ့ အေးစက်စက်ဟအိုသည် နေ့ချင်းညချင်း အပြုံးနုနုတွေချိတ်ဆွဲထားတတ်တဲ့ဟအိုအဖြစ်သို့ ပြောင်းလဲသွားလေသည်
~ ဟအို ခင်ဗျားက ကျနော့်အတွက် သိပ်ကိုအန္တရာယ်များလွန်းနေတာပဲ ~
ထိုညက ကြယ်လေးတွေ ကောင်းကင်အနှံ့တောက်ပခဲ့သည်
Rosina 🌹
5:10 PM
10 June 2023
YOU ARE READING
Empyrean (U & Me) Completed
FanfictionHaoBin O® BinHao #Completed သိလား ဘင်း ငါ့ရဲ့ အသက်ဓာတ်က မင်းရဲ့ မျက်ဝန်းနက်နက်တွေထဲမှာရှိတယ် ကြယ်တာယာတွေထဲ ခုန်ဆင်းမိရင်း လမ်းပျောက်သွားတာမျိုးလေ ~ Zhang Hao 🌌 သူ့ရဲ့အရှိန်အဝါက တကယ်အားကောင်းတာပဲ သူဘေးနားရောက်ရင်အလိုလို စိတ်ဝိဥာဥ်ကလွတ်ထွက်သွားမိတာ...