Always 🌠 (Final)

756 31 3
                                    


ဟအိုရဲ့ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ဆေးပေးရင်း
ခြောက်သွေ့အောင် ထဘတ်နုနုလေးနဲ့ သေချာဖွဖွလေး သုတ်ပေးနေတဲ့ ဘင်းသေးသေးလေးကို အူယားလွန်းလို့ ဟအို နှုတ်ခမ်းကို ကိုက်ထားမိသည် မဟုတ်ရင် သူဘာတွေလုပ်မိမယ်မှန်းမသိပါ သူ့ရည်းစားလေးက နူးညံ့ကြင်နာတတ်ပြီး အရမ်းအရမ်းကိုချစ်ဖို့ကောင်းနေတော့ခက်သည် ထပ်ချော့ချင်သေးတာတောင် ဘင်းနီးက စိတ်ဆိုးနေပုံမပေါ်တော့တာမို့ တစ်ဖက်က စိတ်အေးရပေမဲ့ တစ်ဖက်က ဆူထွက်လာတဲ့နှုတ်ခမ်းလေးကို ထပ်မြင်ချင်မိသေးတာ

အဆင်ပြေတာမို့ မလုပ်ပါနဲ့တားလဲမရ သူရဲ့ မပြောပလောက်တဲ့ ဒဏ်ရာမွစိသေးသေးလေးတွေကို တစ်ခုချင်းစီ ဆေးသေချာထည့်ပေးရင်း အလုပ်ရှုပ်နေတဲ့ ဘင်းပေါက်စလေးကတော့ သူ့ကိုမော့ပင်မကြည့်လာသေးပါ

မြန်မြန်ပြီးချင်တဲ့စိတ်ကလောနေတာမို့ ခြေထောက်လေးကို ကုပ်မိတော့ မျက်ရည်တွေဝိုင်းနေတဲ့ ဘင်းပေါက်စလေးက မော့ကြည့်လာသည်

ကော ​စပ်လို့လားဟင် ကျနော်တောင်းပန်ပါတယ် ကျနော့်ကြောင့်

ပြောရင်းဆိုရင်း ငိုချလာတဲ့ ပေါက်စကြောင့် ဟအိုကြောင်သွားရသည် သူ့ဒဏ်ရာကပိစလေးတွေမို့ နာလဲမနာသလို ဘယ်လိုမှမနေပါ ဒါတောင် ဒီကလေးက အရမ်းတွေစိုးရိမ်နေတာမို့ ကျန်းဟအိုတို့ နောင်များဆိုရင်ကျန်းမာရေးကို အထူးဂရုစိုက်မှရတော့မှာလို့သာ မှတ်ထားလိုက်ရတော့သည်

အာ တိတ်တိတ် မငိုရဘူးလေ ကောရဲ့ဒဏ်ရာကသေးသေးလေးတွေ နာမှမနာတာ ဘင်းလေးရဲ့ ကိုယ့်ကို ကလေးပေါက်စလေးလို့များတွေးနေတာလား လာပါဦး ဖက်ထားချင်လို့

ရင်ခွင်ထဲ အင့်ခနဲ့ဝင်လာတဲ့အခါ ဟအိုဆိုဖာပေါ်မှာထိုင်ရင်းကနေ ပက်လက်အနေအထားသို့ရောက်သွားလေသည် သူ့ရင်ဘတ်ပေါ်က ခေါင်းလုံးလုံးလေးကို ငုံ့နမ်းမိတဲ့အခါ လိမ္မော်သီးနံ့သင်းသင်းလေးက နှာခေါင်းထဲတိုးဝင်လာတယ်

ဒီလိုလေးပဲ အကြာကြီးနေကြမလား ဘင်းနား

ပြန်မဖြေပေမဲ့ ဖက်ထားတဲ့လက်ကလေးတွေတင်းကျပ်လာတာမို့ ဟအို ပြုံးလိုက်ရင်း

Empyrean (U & Me) CompletedWhere stories live. Discover now